
0
2072




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဖြူရောင် ဝတ်စုံတွေနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ဆန့်ကျင်ခဲ့တဲ့ ဂရမ်မီဆုပေးပွဲ

အမေရိကန်၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ဂရမ်မီ ဂီတဆုပေးပွဲမှာ ထူးထူးခြားခြားအနေနဲ့ နာမည်ကြီး အဆိုတော်တွေက အဖြူရောင် ဝတ်စုံတွေ ဝတ်ဆင်ကာ တက်ရောက်ခဲ့ကြပါတယ်။

အဲ့ဒီဝတ်စုံတွေဟာ အဆိုတော် ကေရှာ ရို့စ် ဆီးဘတ် အပေါ် သူ့ရဲ့ ထုတ်လုပ်သူ လူးကတ်စ် ဒေါက်တာ လုခ် ဂေါ့တ်ဝေါ က လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ အားလုံးက ပူပေါင်းပါဝင်ခဲ့ကြတာ ဖြစ်ပြီး ဒီလို အမြတ်ထုတ်တာတွကို ဆန့်ကျင်တိုက်ခိုက်ကြဖို့ကိုလည်း နှိုးဆော်ခဲ့ကြပါတယ်။

လေဒီဂါဂါကလည်းသူ့ရဲ့ ပွဲတက်ဝတ်စုံ ပုခုံးနားမှာ နှင်းဆီအဖြူရောင် တပ်ဆင်လာပြီး တခြားနာမည်ကြီး အနုပညာရှင်တွေကလည်း အဖြူရောင် နှင်းဆီပွင့်တွေ ကိုင်ဆောင်လာကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအပေါ် ဆန့်ကျင်ကြောင်း ပြသခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)