
0
2067




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားအတိုက်အခံ ခေါင်းဆောင်ကို အပြစ်မပေးဘဲ ပြန်လွှတ်ပေး

ပူတင် ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ အဖမ်းခံရတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီကို ပြစ်ဒဏ် တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိဘဲ ပြန်လွှတ်ပေးလိုက်ပါတယ်။

နာဗယ်လ်နီကို ဇန်နဝါရီ ၂၈ ရက်နေ့က မော်စကိုမှာ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ နာဗယ်လ်နီရဲ့ ရှေ့နေက နာဗယ်လ်နီကို လွှတ်ပေးလိုက်ပေမယ့် နောက်ရက်တွေမှာ တရားရုံးကို သွားဖို့ ရှိသေးတယ်လို့ ပြောပါတယ်။

ဆန္ဒပြပွဲမှာ ဥပဒေ ချိုးဖောက်မှုနဲ့ တရားစွဲရင် မစ္စတာ နာဗယ်လ်နီဟာ ရက် ၃၀ ထောင်ဒဏ် ကျခံရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)