တစ္လအတြင္း ေပ်ာက္ဆံုး မေလးရွား ေလယာဥ္ကို ေတြ႔ဖြယ္ရွိ

0
2031

ေပ်ာက္ဆံုးေနတဲ့ မေလးရွား ေလေၾကာင္းလိုင္းက MH370 ေလယာဥ္ကို တစ္လအတြင္း ရွာေဖြေတြ႔ရွိလိမ့္မယ္လို႔ ၾသစေၾတးလ် ပင္လယ္ျပင္ ရွာေဖြေရး ေအဂ်င္စီျဖစ္တဲ့ CSIRO က ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ေလေၾကာင္း သမိုင္းမွာ အႀကီးမားဆံုး ေပ်ာက္ဆံုးမႈႀကီး ျဖစ္တဲ့  MH370 ေလယာဥ္ ေပ်ာက္ဆံုးမႈ ရွာေဖြတာကို အေမရိကန္ ပုဂၢလိက ကုမၸဏီတစ္ခုျဖစ္တဲ့ အိုးရွင္း အင္ဖန္နတီ (Ocean Infinity) ကလည္း အကူအညီ ေပးေနပါတယ္။

MH370 ေလယာဥ္ဟာ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူကေန တ႐ုတ္ႏိုင္ငံ၊ ေဘဂ်င္းကိုအသြား ၂၀၁၄ ခုႏွစ္ မတ္လမွာ ေပ်ာက္ဆံုးသြားခဲ့တာ ျဖစ္ၿပီး ေလယာဥ္ေပၚမွာ လူ ၂၃၉ ဦး ပါရွိပါတယ္။ မေလးရွားအစိုးရက ေလယာဥ္ကို ရွာေဖြဖို႔ သံုးလ အခ်ိန္ေပးထားၿပီး ေတြ႔ရွိရင္ အေမရိကန္ေဒၚလာ သန္း ၇၀ ေပးမွာ ျဖစ္ကာ အခု ပထမသီတင္းပတ္အျဖစ္ စတင္ ရွာေဖြေနတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တစ်လအတွင်း ပျောက်ဆုံး မလေးရှား လေယာဉ်ကို တွေ့ဖွယ်ရှိ

ပျောက်ဆုံးနေတဲ့ မလေးရှား လေကြောင်းလိုင်းက MH370 လေယာဉ်ကို တစ်လအတွင်း ရှာဖွေတွေ့ရှိလိမ့်မယ်လို့ သြစတြေးလျ ပင်လယ်ပြင် ရှာဖွေရေး အေဂျင်စီဖြစ်တဲ့ CSIRO က ထုတ်ဖော် ပြောဆိုပါတယ်။

လေကြောင်း သမိုင်းမှာ အကြီးမားဆုံး ပျောက်ဆုံးမှုကြီး ဖြစ်တဲ့ MH370 လေယာဉ် ပျောက်ဆုံးမှု ရှာဖွေတာကို အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ အိုးရှင်း အင်ဖန်နတီ (Ocean Infinity) ကလည်း အကူအညီ ပေးနေပါတယ်။

MH370 လေယာဉ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူကနေ တရုတ်နိုင်ငံ၊ ဘေဂျင်းကိုအသွား ၂၀၁၄ ခုနှစ် မတ်လမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ်မှာ လူ ၂၃၉ ဦး ပါရှိပါတယ်။ မလေးရှားအစိုးရက လေယာဉ်ကို ရှာဖွေဖို့ သုံးလ အချိန်ပေးထားပြီး တွေ့ရှိရင် အမေရိကန်ဒေါ်လာ သန်း ၇၀ ပေးမှာ ဖြစ်ကာ အခု ပထမသီတင်းပတ်အဖြစ် စတင် ရှာဖွေနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)