လက္နက္ေရာင္းတဲ့ ကမာၻ႔ ထိန္းတန္း ၁၀ ႏိုင္ငံ စာရင္းဝင္ဖို႔ ၾသစေၾတးလ် စီစဥ္ထား

0
2214

ဆယ္စုႏွစ္ တစ္ခုအတြင္း လက္နက္ ထုတ္လုပ္ေရာင္းခ် တင္ပို႔မႈမွာ ကမာၻ႔ထိပ္တန္း ၁၀ ႏိုင္ငံ စာရင္းဝင္ေအာင္ အစီအစဥ္ဆြဲထားတယ္လို႔ ၾသစေၾတးလ်က ထုတ္ေဖာ္ ေျပာၾကားလုိက္ပါတယ္။

လက္ရွိမွာ ၾသစေၾတးလ်ဟာ တစ္ႏွစ္ကို လက္နက္ခဲယမ္း အေမရိကန္ေဒၚလာ ၁ ဒသမ ၆ ဘီလီယံဖိုး ေရာင္းခ်ေနၿပီး ကမာၻေပၚမွာ လက္နက္ အမ်ားဆံုးတင္ပို႔ေရာင္းခ်တဲ့ အဆင့္ ၂၀ ေျမာက္ ႏိုင္ငံ ျဖစ္ပါတယ္။

လက္နက္ထုတ္လုပ္ ေရာင္းခ်ဖို႔အတြက္ လက္နက္ ထုတ္လုပ္သူေတြကို အစိုးရက ေခ်းေငြထုတ္ေပးၿပီး အားေပးေနတယ္လို႔ ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ မယ္လ္ကြန္ တန္ဘူးလ္က ေျပာပါတယ္။ ၾသစေၾတးလ်က အေမရိကန္၊ ၿဗိတိန္၊ ကေနဒါနဲ႔ နယူးဇီလန္ကို လက္နက္ခဲယမ္းေတြ တိုးျမွင့္တင္ဖို႔ႏိုင္ဖို႔ ရည္မွန္းထားပါတယ္။

လူ႔အခြင့္အေရးနဲ႔ အကူအညီေပးေရး အဖြဲ႔ေတြကေတာ့ ၾသစေၾတးလ် အစိုးရရဲ႕ ရည္မွန္းလုပ္ေဆာင္ခ်က္ဟာ ကမာၻ႔ ၿငိမ္ခ်မ္းေရး တည္ေဆာက္မႈကို အကူအညီေပးမွာ မဟုတ္ဘူးလို႔ ေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္ မစၥတာ တန္ဘူးလ္ကေတာ့ ဒါဟာ ၾသစေၾတးလ်ရဲ႕ အလုပ္ပဲျဖစ္တယ္၊ ရည္မွန္းခ်က္က ထိပ္တန္း ၁၀ ႏိုင္ငံ ဝင္ဖို႔ပဲလို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်နက်ရောင်းတဲ့ ကမ္ဘာ့ ထိန်းတန်း ၁၀ နိုင်ငံ စာရင်းဝင်ဖို့ သြစတြေးလျ စီစဉ်ထား

ဆယ်စုနှစ် တစ်ခုအတွင်း လက်နက် ထုတ်လုပ်ရောင်းချ တင်ပို့မှုမှာ ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံ စာရင်းဝင်အောင် အစီအစဉ်ဆွဲထားတယ်လို့ သြစတြေးလျက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

လက်ရှိမှာ သြစတြေးလျဟာ တစ်နှစ်ကို လက်နက်ခဲယမ်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖိုး ရောင်းချနေပြီး ကမ္ဘာပေါ်မှာ လက်နက် အများဆုံးတင်ပို့ရောင်းချတဲ့ အဆင့် ၂၀ မြောက် နိုင်ငံ ဖြစ်ပါတယ်။

လက်နက်ထုတ်လုပ် ရောင်းချဖို့အတွက် လက်နက် ထုတ်လုပ်သူတွေကို အစိုးရက ချေးငွေထုတ်ပေးပြီး အားပေးနေတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် မယ်လ်ကွန် တန်ဘူးလ်က ပြောပါတယ်။ သြစတြေးလျက အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ နယူးဇီလန်ကို လက်နက်ခဲယမ်းတွေ တိုးမြှင့်တင်ဖို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

လူ့အခွင့်အရေးနဲ့ အကူအညီပေးရေး အဖွဲ့တွေကတော့ သြစတြေးလျ အစိုးရရဲ့ ရည်မှန်းလုပ်ဆောင်ချက်ဟာ ကမ္ဘာ့ ငြိမ်ချမ်းရေး တည်ဆောက်မှုကို အကူအညီပေးမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် မစ္စတာ တန်ဘူးလ်ကတော့ ဒါဟာ သြစတြေးလျရဲ့ အလုပ်ပဲဖြစ်တယ်၊ ရည်မှန်းချက်က ထိပ်တန်း ၁၀ နိုင်ငံ ဝင်ဖို့ပဲလို့ သတင်းထောက်တွေကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)