ေျမာက္ကိုရီးယားမွာ H1N1 တုပ္ေကြးေရာဂါ လူ ၈ ေသာင္းေက်ာ္ကို ကူးစက္

0
2187

ေျမာက္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ လကတည္းက H1N1 တုပ္ေကြးေရာဂါ စတင္ျဖစ္ပြားေနၿပီး လူ ၈၁၀၀၀ ေက်ာ္ကို ကူးစက္ကာ လက္ရွိအခ်ိန္အထိ ေသဆံုးသူ ေလးဦး ရွိသြားၿပီလို႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

ၿပံဳယမ္းမွာ ရွိတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ကို ေျမာက္ကိုရီးယား က်န္းမာေရး ဒုဝန္ႀကီးက တုပ္ေကြးစျဖစ္ေနၿပီလို႔ ဇန္နဝါရီ ၁၉ ရက္ေန႔မွာ အေၾကာင္းၾကားခဲ့ပါတယ္။

ဒီဇင္ဘာ ၁ ရက္ေန႔နဲ႔ ဇန္နဝါရီ ၁၆ ရက္အတြင္း တုပ္ေကြး ေရာဂါ သံသယရွိသူ ၁၂၆၅၇၄ ဦးရွိၿပီး ၈၁၆၄၀ ဦးမွာ H1N1 တုပ္ေကြးေရာဂါ ျဖစ္ပြားေနေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္။

ေသဆံုးသူေတြက ကေလး သံုးဦးနဲ႔ လူႀကီးတစ္ဦး၊ စုစုေပါင္း ေလးဦး ျဖစ္ပါတယ္။ ေရာဂါျပင္းထန္ေနသူေတြအတြက္ တုပ္ေကြးကုသတဲ့ေဆးေတြ ေထာက္ပံ့ေပးဖို႔ ေျမာက္ကိုရီးယားက ေမတၱာရပ္ခံထားတယ္လို႔ ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔က ေျပာပါတယ္။ WHO က ေဆးျပား ၅ ေထာင္၊ ေဆးေတာင့္ ၃ ေသာင္း လတ္တေလာ ကူညီေထာက္ပံ့ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောက်ကိုရီးယားမှာ H1N1 တုပ်ကွေးရောဂါ လူ ၈ သောင်းကျော်ကို ကူးစက်

မြောက်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ လကတည်းက H1N1 တုပ်ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး လူ ၈၁၀ဝ၀ ကျော်ကို ကူးစက်ကာ လက်ရှိအချိန်အထိ သေဆုံးသူ လေးဦး ရှိသွားပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ပြုံယမ်းမှာ ရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကို မြောက်ကိုရီးယား ကျန်းမာရေး ဒုဝန်ကြီးက တုပ်ကွေးစဖြစ်နေပြီလို့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ အကြောင်းကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့နဲ့ ဇန်နဝါရီ ၁၆ ရက်အတွင်း တုပ်ကွေး ရောဂါ သံသယရှိသူ ၁၂၆၅၇၄ ဦးရှိပြီး ၈၁၆၄၀ ဦးမှာ H1N1 တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

သေဆုံးသူတွေက ကလေး သုံးဦးနဲ့ လူကြီးတစ်ဦး၊ စုစုပေါင်း လေးဦး ဖြစ်ပါတယ်။ ရောဂါပြင်းထန်နေသူတွေအတွက် တုပ်ကွေးကုသတဲ့ဆေးတွေ ထောက်ပံ့ပေးဖို့ မြောက်ကိုရီးယားက မေတ္တာရပ်ခံထားတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ WHO က ဆေးပြား ၅ ထောင်၊ ဆေးတောင့် ၃ သောင်း လတ်တလော ကူညီထောက်ပံ့ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)