ေဂ်ာ္ဒန္ကို အေမရိကန္က ဘလက္ ေဟာ့ခ္ ရဟတ္ယာဥ္ေတြ ေပးပုိ႔

0
2263

အစၥလာမ္ အၾကမ္းဖက္သမားေတြရဲ႕ ၿခိမ္းေျခာက္မႈကို နယ္စပ္တစ္ေလွ်ာက္မွာ ကာကြယ္ဖို႔နဲ႔ တန္ျပန္ႏိုင္ဖို႔ အကူအညီအေနနဲ႔ ဇန္နဝါရီလ ၂၈ ရက္ေန႔က ဘလက္ ေဟာ့ခ္ ရဟတ္ယာဥ္ ႏွစ္စင္းကို အေမရိကန္ ေဂ်ာ္ဒန္ႏိုင္ငံကို ေပးပို႔လိုက္ၿပီး စုစုေပါင္း ရဟတ္ယာဥ္ ၁၂ စင္း ရွိသြားၿပီ ျဖစ္ပါတယ္။

ဘလက္ ေဟာ့ခ္ ရဟတ္ယာဥ္ေတြကို ေဂ်ာ္ဒန္ အေရွ႕ေျမာက္ပိုင္း ဒုတိယေျမာက္ ဘုရင္ အဗၺဒူလာ ေလတပ္အေျခစိုက္စခန္းကို ေပးပို႔လိုက္တာ ျဖစ္ပါတယ္။

အေမရိကန္က ၂၀၁၇ ခုႏွစ္ မတ္လကတည္းက ဝါရွင္တန္ကေန ဘလက္ ေဟာ့ခ္ ရဟတ္ယာဥ္ေတြ တသုတ္ၿပီး တသုတ္ ေပးပို႔ခဲ့တာ ျဖစ္ပါတယ္။

ရဟတ္ယာဥ္ေတြဟာ ေဂ်ာ္ဒန္ စစ္တပ္၊ အလ်င္အျမန္ တံု႔ျပန္ေရးတပ္ဖြဲ႔နဲ႔ ေဂ်ာ္ဒန္ရဲ႕ လံုၿခံဳေရးကို အားေကာင္းေစမွာ ျဖစ္တယ္လို႔ အေမရိကန္ သံ႐ံုးက သတင္းထုတ္ျပန္ပါတယ္။

ရဟတ္ယာဥ္မႉးေတြကို ေလ့က်င့္ေပးတာ၊ အပိုစၥည္း ေထာက္ပံ့တာ၊ လက္နက္တပ္ဆင္တာနဲ႔ ဘလက္ ေဟာ့ခ္ ရဟတ္ယာဥ္ေတြ ထားရွိဖို႔ အေဆာက္အဦး ေဆာက္တာေတြ အပါအဝင္ အေမရိကန္က ယမန္ႏွစ္အတြင္း ေဂ်ာ္ဒန္ စစ္တပ္နဲ႔ ေလတပ္ကို အကူအညီ အေမရိကန္ ေဒၚလာ သန္း ၄၇၀ ဖိုး အကူအညီ ေပးထားၿပီး ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျော်ဒန်ကို အမေရိကန်က ဘလက် ဟော့ခ် ရဟတ်ယာဉ်တွေ ပေးပို့

အစ္စလာမ် အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို နယ်စပ်တစ်လျှောက်မှာ ကာကွယ်ဖို့နဲ့ တန်ပြန်နိုင်ဖို့ အကူအညီအနေနဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ဘလက် ဟော့ခ် ရဟတ်ယာဉ် နှစ်စင်းကို အမေရိကန် ဂျော်ဒန်နိုင်ငံကို ပေးပို့လိုက်ပြီး စုစုပေါင်း ရဟတ်ယာဉ် ၁၂ စင်း ရှိသွားပြီ ဖြစ်ပါတယ်။

ဘလက် ဟော့ခ် ရဟတ်ယာဉ်တွေကို ဂျော်ဒန် အရှေ့မြောက်ပိုင်း ဒုတိယမြောက် ဘုရင် အဗ္ဗဒူလာ လေတပ်အခြေစိုက်စခန်းကို ပေးပို့လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်က ၂၀၁၇ ခုနှစ် မတ်လကတည်းက ဝါရှင်တန်ကနေ ဘလက် ဟော့ခ် ရဟတ်ယာဉ်တွေ တသုတ်ပြီး တသုတ် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်တွေဟာ ဂျော်ဒန် စစ်တပ်၊ အလျင်အမြန် တုံ့ပြန်ရေးတပ်ဖွဲ့နဲ့ ဂျော်ဒန်ရဲ့ လုံခြုံရေးကို အားကောင်းစေမှာ ဖြစ်တယ်လို့ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ရဟတ်ယာဉ်မှူးတွေကို လေ့ကျင့်ပေးတာ၊ အပိုစ္စည်း ထောက်ပံ့တာ၊ လက်နက်တပ်ဆင်တာနဲ့ ဘလက် ဟော့ခ် ရဟတ်ယာဉ်တွေ ထားရှိဖို့ အဆောက်အဦး ဆောက်တာတွေ အပါအဝင် အမေရိကန်က ယမန်နှစ်အတွင်း ဂျော်ဒန် စစ်တပ်နဲ့ လေတပ်ကို အကူအညီ အမေရိကန် ဒေါ်လာ သန်း ၄၇၀ ဖိုး အကူအညီ ပေးထားပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)