အာဖဂန္ ဗံုးေပါက္ကြဲမႈ ၁၀၃ ဦးေသ၊ ၂၃၅ ဦး ဒဏ္ရာရ

0
2085

အာဖဂၢနစၥတန္ႏိုင္ငံ၊ ကဘူလ္းၿမိဳ႕မွာ ဇန္န၀ါရီလ ၂၇ ရက္ေန႔က ဗံုးေပါက္ကြဲလို႔ ေသဆံုးသူ ၁၀၃ ဦးအထိ ရွိၿပီး ဒဏ္ရာရသူ ၂၅၃ ဦး ရွိခဲ့ပါတယ္။

ဒီဗံုးခြဲ တုိက္ခုိက္မႈဟာ သူတို႔ရဲ႕ လက္ခ်က္ျဖစ္ေၾကာင္း တာလီဘန္ေတြက ေၾကျငာခဲ့ၿပီး အစိုးရ အေဆာက္အဦးေတြ ရွိတဲ့ေနရာအနီးမွာ ေဖာက္ခြဲခဲ့တာ ျဖစ္ပါတယ္။

အနီးအနားမွာရွိတဲ့ အေဆာက္အဦးေတြက ျပတင္းေပါက္မွန္ေတြလည္း ပ်က္စီးခဲ့ၿပီး ပထမဗံုးေပါက္ကြဲမႈ ျဖစ္ပြားၿပီးေနာက္ ဒဏ္ရာရရွိသူေတြကို လူနာတင္ကားနဲ႔ သယ္ယူေနခ်ိန္ ထပ္မံေဖာက္ခြဲခဲ့တာ ျဖစ္ပါတယ္။

တာလီဘန္အဖြဲ႔ဝင္ ၁၈၀၆ ကို သုတ္သင္ခဲ့ၿပီး ဒဏ္ရာရရွိသူ ၁၉၀၃ ေယာက္ရွိခဲ့တဲ့ အျပင္ ဖမ္းဆီးႏိုင္ခဲ့သူ ၈၆ ေယာက္နဲ႔ တာလီဘန္တပ္မႉးး ၄၁ ဦးရွိခဲ့ေၾကာင္း၊ IS အၾကမ္းဖက္ အဖြဲ႔ဝင္ ၃၉၅ ေယာက္ကို သုတ္သင္ႏိုင္ခဲ့ၿပီး  ဒဏ္ရာရရွိသူ ၇၅ ေယာက္နဲ႔ IS အၾကမ္းဖက္ ေခါင္းေဆာင္ ၉ ဦးကို သုတ္သင္ႏုိင္ခဲ့တယ္လုိ႔ အာဖဂန္ ျပည္ထဲေရး ဝန္ႀကီးဌာက တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖဂန် ဗုံးပေါက်ကွဲမှု ၁၀၃ ဦးသေ၊ ၂၃၅ ဦး ဒဏ်ရာရ

အာဖဂ္ဂနစ္စတန်နိုင်ငံ၊ ကဘူလ်းမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ဗုံးပေါက်ကွဲလို့ သေဆုံးသူ ၁၀၃ ဦးအထိ ရှိပြီး ဒဏ်ရာရသူ ၂၅၃ ဦး ရှိခဲ့ပါတယ်။

ဒီဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်း တာလီဘန်တွေက ကြေငြာခဲ့ပြီး အစိုးရ အဆောက်အဦးတွေ ရှိတဲ့နေရာအနီးမှာ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

အနီးအနားမှာရှိတဲ့ အဆောက်အဦးတွေက ပြတင်းပေါက်မှန်တွေလည်း ပျက်စီးခဲ့ပြီး ပထမဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူတွေကို လူနာတင်ကားနဲ့ သယ်ယူနေချိန် ထပ်မံဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

တာလီဘန်အဖွဲ့ဝင် ၁၈၀၆ ကို သုတ်သင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၀၃ ယောက်ရှိခဲ့တဲ့ အပြင် ဖမ်းဆီးနိုင်ခဲ့သူ ၈၆ ယောက်နဲ့ တာလီဘန်တပ်မှူး ၄၁ ဦးရှိခဲ့ကြောင်း၊ IS အကြမ်းဖက် အဖွဲ့ဝင် ၃၉၅ ယောက်ကို သုတ်သင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ ၇၅ ယောက်နဲ့ IS အကြမ်းဖက် ခေါင်းဆောင် ၉ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ အာဖဂန် ပြည်ထဲရေး ဝန်ကြီးဌာက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)