လူမှုကွန်ရက်အပေါ်မှာ လူသားအချင်း ခွဲခြားဆက်ဆံမှု ပုံရိပ်တွေ တိုးပွားနေဟုဆို

0
302

အင်တာနက် လူမှုကွန်ရက်အပေါ်မှာ လူသားအချင်း ခွဲခြားဆက်ဆံတဲ့ ပုံရိပ်တွေ တနေ့တခြားတိုး ပွားနေတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ (၂၇) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က ကုလသမဂ္ဂ အဖွဲ့ရုံးချုပ်မှာ ကျင်းပတဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့က ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အောက်မေ့ဖွယ်ရာအခမ်းအနား အဖွင့်မိန့်ခွန်းမှာ အတွင်းရေးမှူးချုပ်က အဲ့ဒီလိုပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ အတွင်းရေးမှူးချုပ်က ဒီလို လူသားအချင်းချင်း ခွဲခြားဆက်ဆံခြင်းအပါအ၀င် မုန်းတီးခြင်းတွေနဲ့ အခြား သဘောထား သေးငယ်တဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက်ပြုနေတဲ့ လူထုကြိုက်ဝါဒ လက်ကိုင်သူတွေလည်း ဒီနေ့ခေတ်ကမ္ဘာမှာ ပိုမိုများပြား လာတယ်လို့ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါအပြင် ၂၁ ရာစုမှာ လူသားမျိုးနွယ်အချင်းချင်း ခွဲခြားဆက်ဆံတဲ့ လုပ်ရပ်တွေအတွက် နေရာမရှိတော့ဘူးလို့လည်း ပြောကြားလိုက်တာဖြစ်ပါတယ်။

 

NHK

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)