တရုတ်မှာ သင်းခွေချပ်ကြေးခွံ သုံးတန်ကျော် ဖမ်းဆီးရမိ

0
281

တရုတ်နိုင်ငံမှာ အလေးချိန် သုံးတန်ကျော်ရှိတဲ့ သင်ခွေးချပ်ကြေးခွံတွေကို အကောက်ခွန်ဌာနက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်ပါတယ်။
ဒါဟာ မှတ်တမ်းတွေအရ တရုတ်နိုင်ငံမှာ မှောင်ခိုကူးမယ့် တိရစ္ဆာန်အစိတ်အပိုင်းတွေကို အများဆုံး ဖမ်းဆီးရမိတာလည်း ဖြစ်ပါတယ်။

pangolin

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းအကောက်ခွန်ဌာနက နိုင်ဂျီးရီးယားနိုင်ငံကနေ တင်သွင်းတဲ့ သစ်ကွန်တိန်နာထဲမှာ အဲဒီ သင်းခွေချပ်ကြေးခွံတွေကို စစ်ဆေးတွေ့ရှိခဲ့တာလို့ နိုင်ငံပိုင် ရုပ်သံမီဒီယာဖြစ်တဲ့ CCTV ရဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ထုတ်လွှင့်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ကြေးခွံတွေအရ အကောင် ၇၅၀၀ လောက် သေဆုံးခဲ့တာလို့လည်း ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံက မှောင်ခိုဈေးကွက်မှာ သင်ခွေချပ်ဟာကြေးခွံဟာ ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၇၀၀ လောက် ပေါက်ဈေးရှိနေပြီ ခုဖမ်းမိတဲ့ သုံးတန်ဟာ ကီလိုဂရမ်နဲ့ဆို ကီလို ၃၀၀၀ ကျော် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)