ဂျပန်မှာ လုပ်ငန်းခွင်ဖိအားကြောင့် ဝန်ထမ်းတွေ အဆုံးစီရင်မှုကို ကာကွယ်တဲ့ အစီအစဉ် ကြေညာ

0
276

ဂျပန်နိုင်ငံမှာ အလုပ်သမားတွေ အလုပ်အလွန်အကျွံလုပ်ရလို့ သေလုမျောပါး ပင်ပန်းတာမျိုးနဲ့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုး မဖြစ်အောင် ကာကွယ်တဲ့ အစီအစဉ်တွေကို အလုပ်သမားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။

japan
(အလုပ်သမား ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကို တွေ့ရစဉ်)

ပြီးခဲ့တဲ့ ဆောင်းတွင်းမှာ Dentsu ကြော်ငြာလုပ်ငန်းက အမျိုးသမီးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီးနောက်မှာ အလုပ်သမားဝန်ကြီးဌာနက ခုလို စီစဉ်လိုက်တာပါ။

japan2

ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့ အဲဒီအစီအစဉ်ထဲမှာ နောက်ကို လုပ်ငန်းခွင်မှာ ဝန်ထမ်းကို တရားမဝင် ရုံးခန်းတစ်ခုမှာထက်ပိုပြီး အဓမ္မ အချိန်ပို ကြာကြာ ဆင်းခိုင်းတာမျိုးလုပ်လို့ ဒါမှမဟုတ် လုပ်ငန်းခွင်အတွင်း မတော်တဆမှုတစ်ခုခုကြောင့် ဝန်ထမ်း ထိခိုက်သေဆုံးတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ရင် အဲဒီလုပ်ငန်းရဲ့ နာမည်ကို လူသိရှင်ကြား ကြေညာမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဂျပန်နိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ အလုပ်သမားမူဝါဒအရတော့ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်သမား ၁၀ ယောက်နဲ့အထက် ဒါမှမဟုတ် ဝန်ထမ်းလေးပုံတစ်ပုံက ရုံးခန်းနေရာ သုံးခုမှာ တရားဝင်မဟုတ်ဘဲ အချိန်ပိုဆင်းနေရရင် အဲဒီလုပ်ငန်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာနိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)