ပါကစ္စတန်မှာ ခရစ်စမတ်ပွဲအတွင်း အဆိပ်သင့် အရက်တွေ သောက်မိပြီး လူ ၂၄ ဦး သေဆုံး

0
315

ပါကစ္စတန်နိုင်ငံမှာ ခရစ်စမတ်ပွဲတော်ကာလအတွင်း လူ ၂၄ လေးဦးဟာ အဆိပ်ရှိတဲ့ အရက်ပြင်းတွေ သောက်မိပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

pakistan

ခရစ်စမတ်ပွဲတော်အတွင်းဖြစ်တဲ့အတွက် သေဆုံးသူအများစုဟာ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ ပါကစ္စတန်လို ရှေးရိုးစွဲမွတ်ဆလင်နိုင်ငံမှာတော့ အရက်အဆိပ်သင့်ပြီး သေဆုံးမှု နောက်ဆုံးဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

သေဆုံးသူတွေဟာ မြို့တော် အစ္စလာမ်မာဘတ်နဲ့ မိုင် ၂၁၀ လောက်ဝေးတဲ့ တိုဘာတက်ခ်ဆင်းမြို့မှာ နေထိုင်သူတွေပါ။ သေဆုံးသူ ၂၄ ဦးရှိခဲ့ပေမဲ့ အဆိပ်အတောက်ဖြစ်ပြီး ဆေးရုံတင်ရတဲ့လူ အနည်းဆုံး ၆၀ လောက်ရှိတယ်လို့လည်း ရဲတပ်ဖွဲ့အရာရှိ အီမရန်အာတစ်ဖ်က ပြောကြားပါတယ်။

ပါကစ္စတန်ဟာ ဥပဒေအရ အရက်တရားဝင်ရောင်းချခွင့်ပြုထားပေမဲ့ မွတ်ဆလင်တွေကတော့ အရက်သောက်ခြင်းကို လုံးဝတားမြစ်ထားသလို အခြားလူနည်းစုတွေနဲ့ နိုင်ငံခြားသားတွေလည်း တင်းကျပ်တဲ့ အခြေအနေမှာ အရက်သောက်ခွင့်ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလတုန်းကလည်း အိဒ် အားလပ်ရက်မှာ မီသနော်အဆိပ်သင့်တဲ့ အရက်တွေသောက်မိတာကြောင့် အနည်းဆုံး လူ၂၉ ယောက် သေဆုံးတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)