အီရတ်ဆန္ဒပြ အုပ်စုတွေ အီရန်ကောင်စစ်ဝန်ရုံးကို မီးရှို့

0
18

အီရတ် ဆန္ဒပြအုပ်စုဟာ နာဂျက်ဖ် တောင်ပိုင်းရှိ အီရန် ကောင်စစ်ဝန်ရုံးကို မီးရှို့ခဲ့ပြီးအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဆန္ဒပြအုပ်စုတွေက အီရတ်နိုင်ငံထဲကနေ အီရန်တွေ ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြအုပ်စုတွေဟာ အီရန်ကောင်စစ်ဝန်ရုံးအတွင်း မဝင်ခင် အီရန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ထွက်ပြေးခဲ့တာပါ။



အီရတ် ဆန္ဒပြအုပ်စုဟာ နာဂျက်ဖ် တောင်ပိုင်းရှိ အီရန် ကောင်စစ်ဝန်ရုံးကို မီးရှို့ခဲ့ပြီးအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့  ပြောပါတယ်။  

ဆန္ဒပြအုပ်စုတွေက  အီရတ်နိုင်ငံထဲကနေ အီရန်တွေ ထွက်သွားဖို့ တောင်းဆိုခဲ့ပါတယ်။  ဆန္ဒပြအုပ်စုတွေဟာ အီရန်ကောင်စစ်ဝန်ရုံးအတွင်း မဝင်ခင် အီရန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေ ထွက်ပြေးခဲ့တာပါ။  

နှစ်လကြာ ဖြစ်ပွားတဲ့ ဆန္ဒပြပွဲအတွင်း အနည်းဆုံးလူ ၃၄၄ ဦး သေဆုံးသွားခဲ့ပါတယ်။ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုဟာ ဒီလအတွင်း ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုဖြစ်ပါတယ်။ အီရတ် ဆန္ဒပြသူတွေဟာ အကျင့်ပျက်လာဘ်စားမှု ရပ်တန့်ဖို့၊ အလုပ်အကိုင်ခွင့်အလမ်း ရရှိရေးနဲ့ ဝန်ဆောင်မှု ပိုမို ကောင်းမွန်စေဖို့ တောင်းဆိုနေကြပါတယ်။