အိုနာဂါဝါ ဓာတ်ပေါင်းဖို ပြန်လည်ပတ်ဖို့ ဂျပန် စီစဉ်

0
12

ဂျပန်မှာ ၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဓာတ်ပေါင်းဖိုတစ်ခု ပြန်လည်ပတ်ရေးအတွက် သတ်မှတ်ချက်တစ်ခုကို ကျော်လွှားအောင်မြင်ခဲ့ပါတယ်။ ဂျပန် နျူးကလီးယား ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က မီယာဂီခရိုင်မှာရှိတဲ့ အိုနာဂါဝါ အမှတ် (၂) ဓာတ်ပေါင်းဖိုဆိုင်ရာ အကဲဖြတ်ချက် မူကြမ်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။

ဖူကူရှီးမား မတော်တဆမှု ဖြစ်ပြီးတဲ့နောက် စတင်ကျင့်သုံးခဲ့တဲ့ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည့်မီတဲ့၊ ဘေးကင်းလုံခြုံတဲ့ ဆောင်ရွက်ချက်တွေနဲ့ စက်ရုံကို စီမံခန့်ခွဲနေတဲ့ တိုဟိုကု လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက လုပ်ဆောင်နေတယ်လို့ အဲဒီမူကြမ်းထဲမှာ ဖော်ပြထားပါတယ်။ စက်ရုံကို ရိုက်ခတ်နိုင်တဲ့ အမြင့်ဆုံး ဆူနာမီ ခန့်မှန်းချက်ကို ၂၃ ဒသမ ၁ မီတာအထိ မြှင့်တင်ခဲ့ပြီးတဲ့နောက် စက်ရုံ လှိုင်းကာနံရံတွေကို ၂၉ မီတာအထိ မြှင့်တင်ဖို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့တယ်လို့ အာဏာပိုင်အဖွဲ့က မှတ်ချက်ပြုထားပါတယ်။

တိုဟိုကု လွှပစြဈဓာတအြားပေး ကုမျပဏီဟာ အဲဒီဓာတပြေါငြးဖို ပှနလြညပြတဖြို့ လိုအပတြဲ့ အဆင့တြဈခုအတှကြ နွူးကလီးယား ကှီးကှပရြေး အာဏာပိုငအြဖှဲ့က စိစဈစဈဆေးမှု ခံယူဖို့ ၂၀၁၃ ခုနှဈက လွှောကထြားခဲ့ပါတယြ။ နွူးကလီးယား ကှီးကှပရြေး အာဏာပိုငအြဖှဲ့က တရားဝငြ ခှင့ပြှုခကွြ မပေးခငြ ပှညသြူလူထုရဲ့ သဘောထားကို ခံယူမှာ ဖှဈပါတယြ။


ဂျပန်မှာ ၂၀၁၁ ခုနှစ်က ငလျင်နဲ့ ဆူနာမီတွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဓာတ်ပေါင်းဖိုတစ်ခု ပြန်လည်ပတ်ရေးအတွက် သတ်မှတ်ချက်တစ်ခုကို ကျော်လွှားအောင်မြင်ခဲ့ပါတယ်။ ဂျပန် နျူးကလီးယား ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က မီယာဂီခရိုင်မှာရှိတဲ့ အိုနာဂါဝါ အမှတ် (၂) ဓာတ်ပေါင်းဖိုဆိုင်ရာ အကဲဖြတ်ချက် မူကြမ်းတစ်ခုကို အတည်ပြုခဲ့ပါတယ်။

ဖူကူရှီးမား မတော်တဆမှု ဖြစ်ပြီးတဲ့နောက် စတင်ကျင့်သုံးခဲ့တဲ့ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပြည့်မီတဲ့၊ ဘေးကင်းလုံခြုံတဲ့ ဆောင်ရွက်ချက်တွေနဲ့ စက်ရုံကို စီမံခန့်ခွဲနေတဲ့ တိုဟိုကု လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီက လုပ်ဆောင်နေတယ်လို့ အဲဒီမူကြမ်းထဲမှာ ဖော်ပြထားပါတယ်။ စက်ရုံကို ရိုက်ခတ်နိုင်တဲ့ အမြင့်ဆုံး ဆူနာမီ ခန့်မှန်းချက်ကို ၂၃ ဒသမ ၁ မီတာအထိ မြှင့်တင်ခဲ့ပြီးတဲ့နောက် စက်ရုံ လှိုင်းကာနံရံတွေကို ၂၉ မီတာအထိ မြှင့်တင်ဖို့ ကုမ္ပဏီက ဆုံးဖြတ်ခဲ့တယ်လို့ အာဏာပိုင်အဖွဲ့က မှတ်ချက်ပြုထားပါတယ်။

တိုဟိုကု လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီဟာ အဲဒီဓာတ်ပေါင်းဖို ပြန်လည်ပတ်ဖို့ လိုအပ်တဲ့ အဆင့်တစ်ခုအတွက် နျူးကလီးယား ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က စိစစ်စစ်ဆေးမှု ခံယူဖို့ ၂၀၁၃ ခုနှစ်က လျှောက်ထားခဲ့ပါတယ်။ နျူးကလီးယား ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့က တရားဝင် ခွင့်ပြုချက် မပေးခင် ပြည်သူလူထုရဲ့ သဘောထားကို ခံယူမှာ ဖြစ်ပါတယ်။