AIDS နဲ့ ဆက်နွယ်မှုကြောင့် ၁၉ နှစ်အောက် လူ ၁ သိန်းကျော် သေဆုံးခဲ့

0
39

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က အခုနောက်ဆုံး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ နှစ်အတွင်း AIDS နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် အသက် ၁၉ နှစ်အောက် လူပေါင်း ၁၂၀၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၈ ခုနှစ်မှာ AIDS ကြောင့် သေဆုံးခဲ့တဲ့ ကလေးတွေရဲ့ ၆၂ ရာခိုင်နှုန်းဟာ သုညကနေ ၄ နှစ်အထိ အုပ်စုထဲက ဖြစ်ပါတယ်။ မိခင်ကနေ ရင်သွေးကို ကူးစက်မှုတားဆီးရေး လုပ်ငန်းစဉ်တွေ လိုအပ်တာကို အဲဒီအစီရင်ခံစာမှာ အလေးပေး ဖော်ပြထားပါတယ်။ အသက် ကိုးနှစ်အရွယ်အထိ ဝေဒနာသည်တွေရဲ့ ထက်ဝက်ကျော်ဟာ မွေးဖွားမလာခင်ကတည်းက ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကူးစက်မှုတွေရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ ဆဟာရ အောက်ပိုင်း အာဖရိက ဒေသတွေမှာ ဖြစ်ပွားခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ HIV ရောဂါပိုး စစ်ဆေးမှုတွေ၊ ကလေးနဲ့ ဆယ်ကျော်သက်တွေ အတွက် ဆေးကုသရေး အနေအထားတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ကြဖို့ UNICEF က နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းနေပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)