ဆန်ချို၊ ဟာလန်းတို့ကို ကျော်ဖြတ်ကာ 2019 Golden Boy ဆုကို ရရှိသွားတဲ့ ဖိလစ်

0
8

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဖိလစ်ဟာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးလူငယ် အကောင်းဆုံး ကစားသမားဆု 2019 Golden Boy ဆုကို ရရှိသွားခဲ့ပါတယ်။

ဖိလစ်ဟာ ဒေါ့မွန်ကွင်းလယ်လူ ဆန်ချို၊ ရက်စတားဘဲလ်ဂရိတ် ကစားသမား ဟာလန်းတို့ကို ကျော်ဖြတ်ပြီး ဆုရသွားခဲ့တာပါ။ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဆုကို လက်ခံရယူသွားမှာဖြစ်ပြီး ဧည့်ပရိသတ်ပေါင်း ၂၀၀ ကျော် တက်ရောက်မှာလည်း ဖြစ်ပါတယ်။



အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဖိလစ်ဟာ ၂၀၁၉ ခုနှစ်အတွက်  အကောင်းဆုံးလူငယ် အကောင်းဆုံး ကစားသမားဆု 2019 Golden Boy ဆုကို ရရှိသွားခဲ့ပါတယ်။ 

ဖိလစ်ဟာ ဒေါ့မွန်ကွင်းလယ်လူ ဆန်ချို၊ ရက်စတားဘဲလ်ဂရိတ် ကစားသမား ဟာလန်းတို့ကို ကျော်ဖြတ်ပြီး ဆုရသွားခဲ့တာပါ။ လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဆုကို လက်ခံရယူသွားမှာဖြစ်ပြီး ဧည့်ပရိသတ်ပေါင်း ၂၀၀ ကျော် တက်ရောက်မှာလည်း ဖြစ်ပါတယ်။ 

ဆုရွေးချယ်ရေးကော်မတီ ဒါရိုက်တာ ဂျာကိုဘယ်လီက ပေါ်တူဂီ လူငယ်ကစားသမား ဖိလစ်ဟာ ဆန္ဒမဲပေါင်း ၃၃၂ မဲ ရရှိပြီး 2019 Golden Boy ဆုကို ရရှိသွားခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ အင်္ဂလန် လူငယ် ကစားသမား ဂျာဒွန် ဆန်ချိုက ဆန္ဒမဲပေါင်း ၁၇၅ မဲ၊ လေဗာကူဆင် ကစားသမား ကိုင်ဟာဗက်ဇ်က ဆန္ဒမဲပေါင်း ၇၅ မဲ၊ ရက်စတား ဘဲလ်ဂရိတ် ကစားသမား ဟာလန်းက ဆန္ဒမဲ ၇၄ မဲ ရရှိခဲ့တာပါ။