
0
760




 

<>>>>>>>>>>>>>>>>>>>>>>>>>

 

စီ ရော်နယ်ဒိုလို ခြေစွမ်းပြနိုင်ဖို့ အိမ်မက် မက်နေတဲ့ မာရှယ်

မန်ယူတိုက်စစ်မှူး မာရှယ်က သူ့အနေနဲ့ မန်ယူ ကစားသမားဟောင်း စီ ရော်နယ်ဒိုလို ခြေစွမ်းပြနိုင်တဲ့ ကစားသမားဖြစ်ဖို့ ငယ်စဉ်တည်းက အိမ်မက်မက်ခဲ့ကြောင်း၊ ကလေးဘဝ ကတည်းက စီ ရော်နယ်ဒိုဟာ သူ့အတွက် စံပြ အတုယူရတဲ့ ကစားသမားဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စီ ရော်နယ်ဒိုဟာ မန်ယူမှာ ကစားတဲ့ ၆ ရာသီအတွင်း ဂိုးပေါင်း ၁၁၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ စီ ရော်နယ်ဒိုဟာ အံအားသင့်ဖွယ်ကောင်းတဲ့ ကစားသမားကောင်းဖြစ်ကြောင်း၊ ဘောလုံးကို ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ကစားသမားတိုင်းကို ချစ်ခင်နှစ်သက်ကြောင်း မာရှယ်က ပြောပါတယ်။

သူအနေနဲ့ အနာဂတ်မှာ စီ ရော်နယ်ဒိုလို ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း မာရှယ်က ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)