ဗီဇ ျပဳျပင္ထားတဲ့ အမႊာကေလးငယ္ ေမြးထုတ္မႈအေပၚ တ႐ုတ္အစိုးရ စံုစမ္းမယ္

0
171

HIV ေရာဂါပိုး ကူးစက္မႈ မခံရေအာင္ မ်ိဳးဗီဇ ျပဳျပင္ဖန္တီးထားတဲ့ အမႊာကေလးငယ္ ေမြးထုတ္ႏိုင္ခဲ့တယ္လို႔ တ႐ုတ္တကၠသိုလ္တစ္ခုက ပါေမာကၡက ထုတ္ျပန္ခဲ့တာနဲ႔ ပတ္သက္ၿပီး စုံစမ္းစစ္ေဆးဖို႔ တ႐ုတ္အစိုးရက ညႊန္ၾကားလိုက္ပါတယ္။

ရွင္က်န္ၿမိဳ႕ရွိ ေတာင္ပိုင္း သိပၸံႏွင့္ နည္းပညာတကၠသိုလ္က တြဲဖက္ပါေမာကၡ ေဟ က်န္ေကြက သူ႔စမ္းသပ္မႈ ေအာင္ျမင္ေၾကာင္း ဗီဒီယိုဖိုင္ကို ႏိုဝင္ဘာလ ၂၆ ရက္ေန႔က အြန္လိုင္းမွာတင္ၿပီး ထုတ္ျပန္ခဲ့ပါတယ္။ ခြဲစိတ္မႈဟာ သေႏၶသားေလာင္းရဲ႕ မ်ိဳးဗီဇကို ျပဳျပင္တာ ပါဝင္ခဲ့ၿပီး ရလဒ္အေနနဲ႔ အခုလမွာ အမႊာပူး မိန္းကေလးငယ္ေတြ ေမြးဖြားခဲ့တယ္လို႔ သူက ေျပာထားပါတယ္။

အဲဒီလိုမ်ိဳးဗီဇျပဳျပင္မႈဟာ မ်ိဳး႐ိုးလိုက္တဲ့ ေရာဂါေတြကို ကုသေရးမွာ တိုးတက္မႈေတြ ျဖစ္လာေစမယ္လို႔ ေမၽွာ္လင့္သူ အမ်ားအျပား ရွိေနပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ ေၾကညာခ်က္ဟာ က်င့္ဝတ္ဆိုင္ရာ စိုးရိမ္မႈေတြကို ျဖစ္ေစခဲ့ပါတယ္။ အဲဒီလုပ္ေဆာင္မႈရဲ႕ ႀကိဳတင္မသိႏိုင္တဲ့ အက်ိဳးသက္ေရာက္မႈေတြနဲ႔ ပတ္သက္ၿပီး ကၽြမ္းက်င္သူေတြက စိုးရိမ္ေနၾကပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ဗီဇ ပြုပြင်ထားတဲ့ အမွှာကလေးငယ် မွေးထုတ်မှုအပေါ် တရုတ်အစိုးရ စုံစမ်းမယ်

HIV ရောဂါပိုး ကူးစက်မှု မခံရအောင် မျိုးဗီဇ ပြုပြင်ဖန်တီးထားတဲ့ အမွှာကလေးငယ် မွေးထုတ်နိုင်ခဲ့တယ်လို့ တရုတ်တက္ကသိုလ်တစ်ခုက ပါမောက္ခက ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တရုတ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။

ရှင်ကျန်မြို့ရှိ တောင်ပိုင်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဟေ ကျန်ကွေက သူ့စမ်းသပ်မှု အောင်မြင်ကြောင်း ဗီဒီယိုဖိုင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က အွန်လိုင်းမှာတင်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ ခွဲစိတ်မှုဟာ သန္ဓေသားလောင်းရဲ့ မျိုးဗီဇကို ပြုပြင်တာ ပါဝင်ခဲ့ပြီး ရလဒ်အနေနဲ့ အခုလမှာ အမွှာပူး မိန်းကလေးငယ်တွေ မွေးဖွားခဲ့တယ်လို့ သူက ပြောထားပါတယ်။

အဲဒီလိုမျိုးဗီဇပြုပြင်မှုဟာ မျိုးရိုးလိုက်တဲ့ ရောဂါတွေကို ကုသရေးမှာ တိုးတက်မှုတွေ ဖြစ်လာစေမယ်လို့ မျှော်လင့်သူ အများအပြား ရှိနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကြေညာချက်ဟာ ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်မှုတွေကို ဖြစ်စေခဲ့ပါတယ်။ အဲဒီလုပ်ဆောင်မှုရဲ့ ကြိုတင်မသိနိုင်တဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)