သရုပ္ေဆာင္၊ အဆုိေတာ္ ရိန္းရဲ႕ သီခ်င္းအယ္ဘမ္သစ္ ဒီဇင္ဘာမွာ ထြက္မယ္

0
377

ေတာင္ကိုရီးယား နာမည္ေက်ာ္ သရုပ္ေဆာင္၊ အဆုိေတာ္ ရိန္းဟာ ဒီဇင္ဘာလမွာ သူရဲ႕ေတးအယ္ဘမ္အသစ္ ထြက္ရွိမယ္လို႔ ေျပာလုိက္ပါတယ္။  

ရိန္းဟာ သူရဲ႕ ေနာက္ဆံုးေတးစီးရီး အယ္ဘမ္ Rain Effect ဟာ ၂၀၁၄ ခုႏွစ္က ထြက္ခဲ့ၿပီး ၄ ႏွစ္ နီးပါး ၾကာၿပီးမွ ေနာက္ထပ္ေတးအယ္ဘမ္သစ္ ထြက္ရွိမွာ ျဖစ္ပါတယ္။  

အခုအခ်ိန္မွာ ရိန္းဟာ ေတးအယ္ဘမ္ အသစ္အတြက္ အသံသြင္းၿပီးသြားၿပီ ျဖစ္ပါတယ္။  အယ္ဘမ္ အသစ္ထြက္ရွိဖို႔ ေနာက္ဆံုးအဆင့္ကို ေရာက္ၿပီလို႔   ရိန္းက ေျပာပါတယ္။ ရိန္းဟာ အခု ေတးအယ္ဘမ္အသစ္ကို အဆိုေတာ္ တုိက္ဝမ္နဲ႔ တြဲဖက္ကာ သီခ်င္းေရးသားခဲ့ပါတယ္။  

ရိန္းဟာ တိုက္ဝမ္နဲ႔တြဲၿပီး ၂၀၀၈ ခုႏွစ္၊ ၂၀၁၀ ခုႏွစ္တုိ႔မွာ ေတးအယ္ဘမ္ေတြ လုပ္ခဲ့ဖူးပါတယ္။ ရိန္းဟာ သရုပ္ေဆာင္ ကင္ေတးဟီနဲ႔ လက္ထပ္ခဲ့ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းက သမီးဦးေလး ေမြးဖြားမႈအတြက္ ေပ်ာ္ရႊင္မႈေနခဲ့တယ္လို႔ ေတာင္ကိုရီးယား သတင္းေတြက ေဖာ္ျပပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သရုပ်ဆောင်၊ အဆိုတော် ရိန်းရဲ့ သီချင်းအယ်ဘမ်သစ် ဒီဇင်ဘာမှာ ထွက်မယ်

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော် ရိန်းဟာ ဒီဇင်ဘာလမှာ သူရဲ့တေးအယ်ဘမ်အသစ် ထွက်ရှိမယ်လို့ ပြောလိုက်ပါတယ်။

ရိန်းဟာ သူရဲ့ နောက်ဆုံးတေးစီးရီး အယ်ဘမ် Rain Effect ဟာ ၂၀၁၄ ခုနှစ်က ထွက်ခဲ့ပြီး ၄ နှစ် နီးပါး ကြာပြီးမှ နောက်ထပ်တေးအယ်ဘမ်သစ် ထွက်ရှိမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ ရိန်းဟာ တေးအယ်ဘမ် အသစ်အတွက် အသံသွင်းပြီးသွားပြီ ဖြစ်ပါတယ်။ အယ်ဘမ် အသစ်ထွက်ရှိဖို့ နောက်ဆုံးအဆင့်ကို ရောက်ပြီလို့ ရိန်းက ပြောပါတယ်။ ရိန်းဟာ အခု တေးအယ်ဘမ်အသစ်ကို အဆိုတော် တိုက်ဝမ်နဲ့ တွဲဖက်ကာ သီချင်းရေးသားခဲ့ပါတယ်။

ရိန်းဟာ တိုက်ဝမ်နဲ့တွဲပြီး ၂၀ဝ၈ ခုနှစ်၊ ၂၀၁၀ ခုနှစ်တို့မှာ တေးအယ်ဘမ်တွေ လုပ်ခဲ့ဖူးပါတယ်။ ရိန်းဟာ သရုပ်ဆောင် ကင်တေးဟီနဲ့ လက်ထပ်ခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက သမီးဦးလေး မွေးဖွားမှုအတွက် ပျော်ရွှင်မှုနေခဲ့တယ်လို့ တောင်ကိုရီးယား သတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)