ႏိုင္ငံျခားသား သူလွ်ိဳ ၃၀ ေက်ာ္ကို ႐ုရွား ဟန္႔တား ႏုိင္ခဲ့  

0
395

႐ုရွား သမၼတ ဗလာဒီမာ ပူတင္က ႐ုရွားႏုိင္ငံဟာ အခုႏွစ္အတြင္းမွာ  ႏိုင္ငံျခားသား သူလွ်ိဳ ၃၀ ေက်ာ္ကို ဟန္႔တား ပိတ္ဆုိ႔ႏုိင္ခဲ့တယ္လို ႔ ေျပာလိုက္ပါတယ္။  

႐ုရွားေထာက္လွမ္းေရးအဖြဲ႔ဟာ  ဖမ္းဆီးႏုိင္ခဲ့တဲ့ စပိုင္ေတြနဲ႔ ပတ္သက္လို႔ အေသးစိတ္ ထုတ္ျပန္တာ မရွိခဲ့ပါဘူး၊  ႐ုရွား သမၼတက ႐ုရွားေထာက္လွမ္းေရး အဖြဲ႔ေတြဟာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ကစလို႔ ႏုိင္ငံျခားသား စပိုင္ေတြ ေဖာ္ထုတ္ႏုိင္ခဲ့တယ္လို႔  ေျပာပါတယ္။

႐ုရွားေထာက္လွမ္းေရးအဖြဲ႔ဟာ သတင္းအခ်က္လက္ စုေဆာင္းမႈပိုင္းနဲ႔ ေလ့လာသံုးသပ္မႈေတြ ပိုင္းေတြမွာ ပိုမုိေကာင္းမြန္လာခဲ့တယ္လို႔လည္း ႐ုရွားသမၼတက ေျပာပါတယ္။   

႐ုရွားနဲ႔ အေမရိကန္ႏုိင္ငံၾကား တင္းမာမႈေတြ ျမင့္တက္လာမႈေၾကာင့္  ႐ုရွားး သမၼတက စပိုင္ ေတြကိုုုု ေဖာ္ထုတ္ဖမ္းဆီးႏုိင္တာကို ေျပာခဲ့တာျဖစ္ပါတယ္။

အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႔ေတြက ႐ုရွားဟာ  ၂၀၁၆ ခုႏွစ္မွာ က်င္းပခဲ့တဲ့ အေမရိကန္ သမၼတေရြးေကာက္ပြဲကို ၾကားဝင္စြက္ဖက္ခဲ့တယ္လို႔ စြပ္စြဲမႈေတြ ရွိခဲ့ပါတယ္။ ႐ုရွားနဲ႔ အေမရိကန္ႏုိင္ငံၾကားမွာလည္း အျပန္လွန္ သံတမန္ေတြကို ႏွင္ထုတ္တာေတြရွိေနခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံခြားသား သူလျှို ၃၀ ကျော်ကို ရုရှား ဟန့်တား နိုင်ခဲ့

ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံဟာ အခုနှစ်အတွင်းမှာ နိုင်ငံခြားသား သူလျှို ၃၀ ကျော်ကို ဟန့်တား ပိတ်ဆို့နိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့ဟာ ဖမ်းဆီးနိုင်ခဲ့တဲ့ စပိုင်တွေနဲ့ ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာ မရှိခဲ့ပါဘူး၊ ရုရှား သမ္မတက ရုရှားထောက်လှမ်းရေး အဖွဲ့တွေဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ကစလို့ နိုင်ငံခြားသား စပိုင်တွေ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့ဟာ သတင်းအချက်လက် စုဆောင်းမှုပိုင်းနဲ့ လေ့လာသုံးသပ်မှုတွေ ပိုင်းတွေမှာ ပိုမိုကောင်းမွန်လာခဲ့တယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။

ရုရှားနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာမှုကြောင့် ရုရှား သမ္မတက စပိုင် တွေကို ဖော်ထုတ်ဖမ်းဆီးနိုင်တာကို ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွေက ရုရှားဟာ ၂၀၁၆ ခုနှစ်မှာ ကျင်းပခဲ့တဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်ခဲ့တယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ရုရှားနဲ့ အမေရိကန်နိုင်ငံကြားမှာလည်း အပြန်လှန် သံတမန်တွေကို နှင်ထုတ်တာတွေရှိနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)