ကာ့ဒ္ေဒသကို ထုိးစစ္ဆင္တာ ၂၄ နာရီၾကာ ရပ္ထားမယ္

0
278

အီရတ္ဝန္ႀကီးခ်ဳပ္ ဟုိင္ဒါ အယ္လ္ဘာဒီဟာ အီရတ္ႏုိင္ငံေျမာက္ပိုင္းက ကာ့ဒ္ေဒသကို ထိုးစစ္ဆင္ တိုက္ခိုက္ေနတာကို ၂၄ နာရီၾကာ    ရပ္တန္႔ထားဖုိ႔ အစိုးရတပ္ဖြဲ႔ေတြကို အမိန္႔ေပးလိုက္ပါတယ္။  

ကာ့ဒ္ေဒသနဲ႔ အီရတ္ႏုိင္ငံၾကား ထိစပ္ေနတဲ့ေနရာေတြမွာ  ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြ လုပ္ကိုင္ဖို႔ အီရတ္ အစိုးရတပ္ဖြဲ႔ေတြ ျဖန္႔ၾကက္ႏုိင္ေစေရးအတြက္ အခုလိုမိ်ဳး တုိက္ခိုက္မႈေတြ ဆုိင္းငံ့ထားခုိင္းခဲ့တာ ျဖစ္ပါတယ္။

ကာ့ဒ္ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသရဲ႕ ေျပာဆုိခြင့္ရွိသူက ေအာက္တုိဘာ ၁၆ ရက္ေန႔က ျဖစ္ခဲ့တဲ့ တုိက္ခုိက္မႈေတြကို ရပ္တန္ဖို႔ အစိုးရနဲ႔ သေဘာတူညီခဲ့တယ္လို႔ ေျပာပါတယ္။

စက္တင္ဘာ ၂၅ ရက္ေန႔က က့ာဒ္ေဒသမွာ  လြတ္လပ္ေရးအတြက္ ဆႏၵခံယူပြဲေတြ ျပဳလုပ္ၿပီးေနာက္ အီရတ္ အစိုးရဟာ ကာ့ဒ္ေဒသကို တုိက္ခိုက္မႈေတြလုပ္ဖို႔ အမိန္႔ေပးခဲ့ပါတယ္။  

၁ ရက္ အပစ္ခတ္ရပ္စဲထားခ်ိန္အတြင္း အျငင္းပြားေဒသေတြမွာ အစိုးရ ဗဟုိအစိုးရ တပ္ဖြဲ႔ေတြ ျဖန္႔ၾကက္ ခ်ထားတာေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ အပစ္ရပ္စဲတာ လုပ္ေဆာင္ႏုိင္မႈေၾကာင့္  ကေလးငယ္ေတြ ေသြးထြက္သံယိုျဖစ္မႈကေန တားဆီးႏိုင္ခဲ့တယ္လို႔  အီရတ္ အစိုးရတာဝန္ရွိသူက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကာ့ဒ်ဒေသကို ထိုးစစ်ဆင်တာ ၂၄ နာရီကြာ ရပ်ထားမယ်

အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ်ဘာဒီဟာ အီရတ်နိုင်ငံမြောက်ပိုင်းက ကာ့ဒ်ဒေသကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ၂၄ နာရီကြာ ရပ်တန့်ထားဖို့ အစိုးရတပ်ဖွဲ့တွေကို အမိန့်ပေးလိုက်ပါတယ်။

ကာ့ဒ်ဒေသနဲ့ အီရတ်နိုင်ငံကြား ထိစပ်နေတဲ့နေရာတွေမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ အီရတ် အစိုးရတပ်ဖွဲ့တွေ ဖြန့်ကြက်နိုင်စေရေးအတွက် အခုလိုမျိုး တိုက်ခိုက်မှုတွေ ဆိုင်းငံ့ထားခိုင်းခဲ့တာ ဖြစ်ပါတယ်။

ကာ့ဒ်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသရဲ့ ပြောဆိုခွင့်ရှိသူက အောက်တိုဘာ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကို ရပ်တန်ဖို့ အစိုးရနဲ့ သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က ကာ့ဒ်ဒေသမှာ လွတ်လပ်ရေးအတွက် ဆန္ဒခံယူပွဲတွေ ပြုလုပ်ပြီးနောက် အီရတ် အစိုးရဟာ ကာ့ဒ်ဒေသကို တိုက်ခိုက်မှုတွေလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

၁ ရက် အပစ်ခတ်ရပ်စဲထားချိန်အတွင်း အငြင်းပွားဒေသတွေမှာ အစိုးရ ဗဟိုအစိုးရ တပ်ဖွဲ့တွေ ဖြန့်ကြက် ချထားတာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အပစ်ရပ်စဲတာ လုပ်ဆောင်နိုင်မှုကြောင့် ကလေးငယ်တွေ သွေးထွက်သံယိုဖြစ်မှုကနေ တားဆီးနိုင်ခဲ့တယ်လို့ အီရတ် အစိုးရတာဝန်ရှိသူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)