အိႏိၵယမွာ ဦးေခါင္းခ်င္းဆက္ အမႊာကို ခြဲစိတ္

0
341

အိႏိၵယႏုိင္ငံမွာ အသက္ ႏွစ္ႏွစ္အရြယ္ ရွိၿပီျဖစ္ၿပီး ဦးေခါင္းခ်င္းဆက္ေနတဲ႔ ဂ်ာဂါနဲ႔ ကာလီယာဆိုသူ အမႊာ ႏွစ္ဦးကို  ဆရာဝန္ေတြက ၁၆ နာရီၾကာ ခြဲစိတ္ခဲ့ၾကပါတယ္။

လက္ရွိအခ်ိန္မွာ ခြဲစိတ္မႈ ေအာင္ျမင္ၿပီး ကေလး ႏွစ္ဦးကို အထူးေစာင့္ၾကပ္ေပးေနတယ္လို႔ ဆရာ၀န္က ေျပာပါတယ္။ ခြဲစိတ္မႈကို ဆရာဝန္ ၃၀ ပါ၀င္တဲ့ အဖြဲ႔တစ္ဖြဲ႔က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဒါဟာ ျပည္နယ္အဆင့္ ေဆး႐ံုမွာ ခြဲစိတ္တဲ့ အိႏၵိယရဲ႕ ပထမဆံုးခြဲစိတ္မႈလည္း ျဖစ္ပါတယ္။

အမႊာပူး ေယာက်္ားေလး ကေလးငယ္ ႏွစ္ဦးဟာ ဦးေႏွာက္ဆိုင္ရာ ေသြးေၾကာနဲ႔ တစ္ရွဴးေတြပူးကာ ေမြးဖြာလာခဲ့တာ ျဖစ္ပါတယ္။ ဒီလုိုျဖစ္ရပ္ဟာ ကေလးငယ္ သံုးသန္းမွာ တစ္ဦးႏႈန္းသာ ျဖစ္ပြားေလ႔ရွိတယ္လို႔ ဆရာ၀န္ေတြက ေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယမှာ ဦးခေါင်းချင်းဆက် အမွှာကို ခွဲစိတ်

အိန္ဒိယနိုင်ငံမှာ အသက် နှစ်နှစ်အရွယ် ရှိပြီဖြစ်ပြီး ဦးခေါင်းချင်းဆက်နေတဲ့ ဂျာဂါနဲ့ ကာလီယာဆိုသူ အမွှာ နှစ်ဦးကို ဆရာဝန်တွေက ၁၆ နာရီကြာ ခွဲစိတ်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ခွဲစိတ်မှု အောင်မြင်ပြီး ကလေး နှစ်ဦးကို အထူးစောင့်ကြပ်ပေးနေတယ်လို့ ဆရာဝန်က ပြောပါတယ်။ ခွဲစိတ်မှုကို ဆရာဝန် ၃၀ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ ပြည်နယ်အဆင့် ဆေးရုံမှာ ခွဲစိတ်တဲ့ အိန္ဒိယရဲ့ ပထမဆုံးခွဲစိတ်မှုလည်း ဖြစ်ပါတယ်။

အမွှာပူး ယောကျာ်းလေး ကလေးငယ် နှစ်ဦးဟာ ဦးနှောက်ဆိုင်ရာ သွေးကြောနဲ့ တစ်ရှူးတွေပူးကာ မွေးဖွာလာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုုဖြစ်ရပ်ဟာ ကလေးငယ် သုံးသန်းမှာ တစ်ဦးနှုန်းသာ ဖြစ်ပွားလေ့ရှိတယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)