
0
380




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူးယစ်ဆေးစစ်ချက် မအောင်လို့ ရေတပ်သား ကိုးဦး အထုတ်ခံရ

နျူကလီးယား ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်နေတဲ့ ရေတပ်သားကိုဦးဟာ မူးယစ်ဆေးစစ်ချက်ယူရာမှာ မအောင်တဲ့အတွက် တပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာပါတယ်။

HMS Vigilant နျူကလီးယား ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်နေတဲ့ ရေတပ်သား ကိုးဦးဟာ ကုတ်ကင်း သုံးစွဲထားကြောင်း တွေ့ရှိရတာ ဖြစ်ပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲတာကို လုံးဝ လက်ခံမှာ မဟုတ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားမှာ ဖြစ်ပေမယ့် သင်္ဘောလုပ်ငန်း လည်ပတ်မှုကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ တော်ဝင် ရေတပ်က သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)