အီရန္မွာ လွ်ိဳ႕ဝွက္ ႏ်ဴကလီးယား စက္႐ံုရွိတယ္လို႔ အစၥေရး ဖြင့္ခ်

0
667

ႏ်ဴကလီးယား လက္နက္ပိုင္ဆိုင္ဖို႔ မႀကိဳးစားေတာ့ဘူးဆိုၿပီး ၂၀၁၅ ခုႏွစ္ကတည္းက ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြနဲ႔ သေဘာတူထားေပမယ့္ အီရန္ႏိုင္ငံမွာ လွ်ိဳ႕ဝွက္ႏ်ဴကလီးယားစက္႐ံု ရွိေနတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက ေျပာဆိုလိုက္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာဆိုၿပီး နာရီပိုင္းအတြင္းမွာပဲ အီရန္ကလည္း ျငင္းဆိုလိုက္ပါတယ္။ နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ အေထြေထြညီလာခံမွာ မစၥတာ ေနတန္ယာဟုက ေျမပံုကို ကိုင္ကာ တီဟီရန္ၿမိဳ႕အနီး ဧရိယာကို ညႊန္ျပေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အဲဒီ အီရန္အာဏာပိုင္ေတြက လွ်ိဳ႕ဝွက္စက္႐ံုမွာ ႏ်ဴကလီးယား ဆက္စပ္ပစၥည္းနဲ႔ သတၱဳေတြ တန္ ၃၀၀ ေလာက္ သိုေလွာင္ထားတယ္လို႔ မစၥတာ ေနတန္ယာဟုက ကမာၻ႔ေခါင္းေဆာင္ေတြကို ေျပာပါတယ္။ အီရန္ ႏ်ဴကလီးယားဆိုင္ရာ စာရြက္စာတမ္းေတြကို အစၥေရး ေထာက္လွမ္းေရးက တီဟီရန္အနီး ႐ိႈရာဘတ္ကေန ရရွိထားတယ္လို႔ ေၾကညာခဲ့အၿပီး ေလးလအၾကာ ကမာၻ႔ေခါင္းေဆာင္ေတြေရွ႕မွာ အစၥေရး ဝန္ႀကီးခ်ဳပ္က ေျမပံုအခ်က္အလက္ေတြနဲ႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန်မှာ လျှို့ဝှက် နျူကလီးယား စက်ရုံရှိတယ်လို့ အစ္စရေး ဖွင့်ချ

နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ မကြိုးစားတော့ဘူးဆိုပြီး ၂၀၁၅ ခုနှစ်ကတည်းက ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ သဘောတူထားပေမယ့် အီရန်နိုင်ငံမှာ လျှို့ဝှက်နျူကလီးယားစက်ရုံ ရှိနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောဆိုလိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ပြောဆိုပြီး နာရီပိုင်းအတွင်းမှာပဲ အီရန်ကလည်း ငြင်းဆိုလိုက်ပါတယ်။ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မစ္စတာ နေတန်ယာဟုက မြေပုံကို ကိုင်ကာ တီဟီရန်မြို့အနီး ဧရိယာကို ညွှန်ပြပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အီရန်အာဏာပိုင်တွေက လျှို့ဝှက်စက်ရုံမှာ နျူကလီးယား ဆက်စပ်ပစ္စည်းနဲ့ သတ္တုတွေ တန် ၃၀ဝ လောက် သိုလှောင်ထားတယ်လို့ မစ္စတာ နေတန်ယာဟုက ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောပါတယ်။ အီရန် နျူကလီးယားဆိုင်ရာ စာရွက်စာတမ်းတွေကို အစ္စရေး ထောက်လှမ်းရေးက တီဟီရန်အနီး ရှိုရာဘတ်ကနေ ရရှိထားတယ်လို့ ကြေညာခဲ့အပြီး လေးလအကြာ ကမ္ဘာ့ခေါင်းဆောင်တွေရှေ့မှာ အစ္စရေး ဝန်ကြီးချုပ်က မြေပုံအချက်အလက်တွေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)