
0
180




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လျော်ကြေးပေးဖို့နဲ့ ပြန်တောင်းပန်ဖို့ ဂျပန်ကို မြောက်ကိုရီးယား တောင်းဆို

မြောက်ကိုရီးယား မီဒီယာက မြောက်ကိုရီးယား နိုင်ငံအပေါ် ကိုလိုနီလုပ်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံက ပြန်တောင်းပန်ဖို့နဲ့ လျော်ကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား အာဏာရပါတီ အာဘော် ရိုဒွန်ဆန်နန် သတင်းစာက မြောက်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြား ထိပ်သီး အစည်းအဝေး လုပ်ခါနီးချိန်မှာ အခုလို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပြည်သူတွေ အနေနဲ့ ဂျပန်နိုင်ငံ အတိတ်က ကျူးလွန်ခဲ့တဲ့ အဖြစ်အပျက်တွေကို မေ့ပျောက်မှာ မဟုတ်ကြောင်း မြောက်ကိုရီးယား သတင်းစာက ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အတိတ်က ဖြစ်ခဲ့တဲ့ အရာအတွက် လျော်ကြေးပေး၊ တောင်းပန်မှုမရှိဘဲ ဂျပန်ကို နိုင်ငံတကာ မျက်နှာစာက ယုံကြည်လို့ရမှာ မဟုတ်ကြောင်း ရေးသားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)