
0
171




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပြင်သစ် ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦး ဓားနဲ့ထိုးခံရ

ပြင်သစ်တောင်ပိုင်း၊ ရိုဒက်ဇ်မြို့မှာ ရဲတပ်ဖွဲ့အကြီးအကဲ ပက်စကယ်ဖီလိုဟာ လမ်းလယ်မှာ လမ်းလျှောက်လာချိန် လူတစ်ဦးက ဓားနဲ့သုံးကြိမ် ထိုးသွားခဲ့ပါတယ်။

ရိုဒက်ဇ်မြို့မှာ ရဲတပ်ဖွဲ့အကြီးအကဲနဲ့ မြို့တော်ဝန်တို့ဟာ မကြာခဏ ခြိမ်းခြောက်ခံရပါတယ်။ မြို့တော်ဝန် ခရစ်တီယန် တေးစီဒရက်က ရဲတပ်ဖွဲ့အကြီးအကဲကို ဓားနဲ့ထိုးခဲ့သူကို သိရှိပါတယ်လို့ ထုတ်ဖော် ပြောခဲ့ပါတယ်။

ဓားနဲ့ထိုးခဲ့သူဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ဖူးသူဖြစ်တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)