
0
349





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ဒူတာတေးကို ဖိလစ်ပိုင် လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ စုံစမ်းစစ်ဆေးနေ

ဖိလစ်ပိုင် သမ္မတ ဒူတာတေးဟာ သူရဲ့ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားတယ်ဆိုပြီး စွပ်စွဲခံနေရကာ လက်ရှိအချိန်မှာ ဖိလစ်ပိုင် အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။

သမ္မတ ဒူတာတေးဟာ မြို့တော်ဝန်အဖြစ် တာဝန်ယူစဉ်က ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်ထားတယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။ ဒူတာတေးဟာ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့ ၂၀ဝ၆ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဘဏ်အကောင့် သုံးခုက အမေရိကန်ဒေါ်လာ ၄၃ သန်းကို ပိုင်ဆိုင်မှု စုစုပေါင်းကနေ လျှို့ဝှက်ထားတာ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် အန်တိုနီယို တရီလာနက်စ်က စွပ်စွဲခဲ့ပြီးနောက် စုံစမ်းမှုတွေ လုပ်နေတာဖြစ်ပါတယ်။

စုံစမ်းရေးအဖွဲ့ဟာ လက်ရှိမှာ သမ္မတရဲ့ ဘဏ် အကောင့်တွေကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်နေပါတယ်။ သမ္မတ ဒူတာတေးကတော့ သူအနေနဲ့ အမှားအယွင်း တစ်စုံမလုပ်ထားဘဲ စုံစမ်းစစ်ဆေးမှုတွေကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။

သူ့အပေါ် စွပ်စွဲခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် တရီလာနက်စ်ကတော့ သူရဲ့ ပိုင်ဆိုင်မှုတွေကို လျှို့ဝှက်နိုင်ဖို့ ပြည်ပဘဏ်တွေမှာ ငွေကြေးထည့်ထားတယ်လို့ သမ္မတ ဒူတာတေး က တုံ့ပြန်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)