
0
373





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မျက်လုံး တက်တူးထိုးခဲ့တဲ့ မော်ဒယ်လ် မျက်စိတစ်ဖက် ကွယ်

ကနေဒါနိုင်ငံက မော်ဒယ်လ်အမျိုးသမီးတစ်ဦးဟာ သူရဲ့ ညာဘက် မျက်လုံးမှာ တက်တူး ထိုးခဲ့ပြီးနောက် အဲဒီ တက်တူးထိုးတဲ့ မျက်လုံး အမြင်အာရုံ ဆုံးရှုံးသွားပါတယ်။

ကတ် ဂယ်လင်ဂျာ ဆိုသူ မော်ဒယ်လ်ဟာ လွန်ခဲ့တဲ့ လကမှ အော့တဝါ မြို့မှာ မျက်လုံးတက်တူး ထိုးခဲ့တာ ဖြစ်ပါတယ်။ မျက်ဝန်းသား အဖြူရောင်ထဲကို မိမိကြိုက်နှစ်သက်တဲ့ အရောင် ထိုးသွင်းခြင်း ဖြစ်ပါတယ်။

သူဟာ မျက်လုံးထဲကို ခရမ်းရောင်ထိုးသွင်းခဲ့ပြီး အဲ့ဒီမျက်လုံးကနေ ခရမ်းရောင်အရည်တွေ ပြန်စီးကျလာကာ မျက်လုံးရောင်ယမ်းမှု ဝေဒနာကို ခံစားခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ဆေးဝါးကုသမှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။

သူ့လို တစ်ခြားသူတွေလည်း ဖြစ်မှာကို စိုးရိမ်တဲ့အတွက် အများပြည်သူကို သတိပေးတဲ့အနေနဲ့ The Sun သတင်းဌာနကို ဆက်သွယ် သတင်းပေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)