ပေလးဘြိဳင္း တည္ေထာင္သူ ဟက္ဖ္နာ ကြယ္လြန္

0
258

ပေလးဘြိဳင္း အင္တာပ႐ိုက္စ္ကို တည္ေထာင္သူ ဟ်ဳဂ်္ အမ္ ဟက္ဖနာဟာ စက္တင္ဘာလ ၂၇ ရက္ေန႔က အသက္ ၉၁ ႏွစ္အရြယ္မွာ  ကြယ္လြန္သြားၿပီ ျဖစ္ပါတယ္။

ဟက္ဖ္နာကို အေမရိကန္ ျပည္ေထာင္စု၊ အီလီႏိြဳက္ျပည္နယ္၊ ခ်ီကာဂိုမွာ ၁၉၂၆ ခုႏွစ္ ဧၿပီလ ၉ ရက္မွာ ေမြးပါတယ္။ ဟက္ဖ္နာရဲ႕ ဇနီးက ခရစၥတယ္ျဖစ္ၿပီး သားသမီး ၄ ဦး ရွိပါတယ္။ ပေလးဘြိဳင္း အင္တာပ႐ိုက္စ္ အမႈေဆာင္ အရာရွိခ်ဳပ္ ခရစၥတီ၊ ေဒးဗစ္၊ မာစတန္နဲ႔  ကူးပါးတို႔ ျဖစ္ၾကပါတယ္။

၁၉၄၄ ခုႏွစ္မွာ ဘြဲ႔ရၿပီးေနာက္ ဟက္ဖ္နာဟာ စစ္တပ္ထဲ ဝင္ခဲ့ၿပီး စစ္သတင္းစာမွာ စာေတြေရး၊ ကာတြန္းေတြ ဆြဲခဲ့ပါတယ္။ ၁၉၄၆ ခုႏွစ္မွာ တပ္က ထြက္ခဲ့ၿပီး ခ်ီကာဂိုကို ျပန္ၿပီးေနာက္ ပေလးဘြိဳင္းမဂၢဇင္းကို စထုတ္ဖို႔ တျဖည္းျဖည္း ျပင္ဆင္ခဲ့ပါတယ္။ ဟက္ဖ္နာဟာ ၁၉၅၃ ခုႏွစ္မွာ ပေလးဘြိဳင္း မဂၢဇင္းကို စတင္တည္ေထာင္ခဲ့ၿပီး သန္းၾကြယ္သူေဌး ျဖစ္လာခဲ့ပါတယ္။

 

ကူးပါးက သူ႔ဖခင္ဟာ မီဒီယာနဲ႔ ယဥ္ေက်းမႈေတြမွာ အေစာဆံုး လုပ္ေဆာင္ခဲ့ၿပီး ၾသဇာသက္ေရာက္သူတစ္ဦး ျဖစ္တယ္၊ သူ႔ေခတ္မွာ လြတ္လပ္စြာ ေျပာဆိုခြင့္၊ အရပ္ဖက္ အခြင့္အေရးနဲ႔ လိင္မႈ လြတ္လပ္ခြင့္တို႔အတြက္ လုပ္ေဆာင္ခဲ့သူ ျဖစ္တယ္လို႔ ေျပာပါတယ္။

 

၁၉၉၂ ခုႏွစ္တုန္းက အင္တာဗ်ဴးတစ္ခုမွာ သူဟာ အခ်စ္ကို ရွာေဖြရင္း အမွားေတြ အမ်ားႀကီး ျဖစ္ခဲ့တယ္လို႔ ေျပာဖူးပါတယ္။ အသက္ ၈၅ ႏွစ္အရြယ္မွာ ဟက္ဖ္နာက သူ႔ဘဝမွာ တကယ္စစ္မွန္တဲ့ အိမ္ေထာင္ဖက္ မေတြ႔ခဲ့ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပလေးဘွိုင်း တည်ထောင်သူ ဟက်ဖ်နာ ကွယ်လွန်

ပလေးဘွိုင်း အင်တာပရိုက်စ်ကို တည်ထောင်သူ ဟျုဂျ် အမ် ဟက်ဖနာဟာ စက်တင်ဘာလ ၂၇ ရက်နေ့က အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ဟက်ဖ်နာကို အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမှာ ၁၉၂၆ ခုနှစ် ဧပြီလ ၉ ရက်မှာ မွေးပါတယ်။ ဟက်ဖ်နာရဲ့ ဇနီးက ခရစ္စတယ်ဖြစ်ပြီး သားသမီး ၄ ဦး ရှိပါတယ်။ ပလေးဘွိုင်း အင်တာပရိုက်စ် အမှုဆောင် အရာရှိချုပ် ခရစ္စတီ၊ ဒေးဗစ်၊ မာစတန်နဲ့ ကူးပါးတို့ ဖြစ်ကြပါတယ်။

၁၉၄၄ ခုနှစ်မှာ ဘွဲ့ရပြီးနောက် ဟက်ဖ်နာဟာ စစ်တပ်ထဲ ဝင်ခဲ့ပြီး စစ်သတင်းစာမှာ စာတွေရေး၊ ကာတွန်းတွေ ဆွဲခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ တပ်က ထွက်ခဲ့ပြီး ချီကာဂိုကို ပြန်ပြီးနောက် ပလေးဘွိုင်းမဂ္ဂဇင်းကို စထုတ်ဖို့ တဖြည်းဖြည်း ပြင်ဆင်ခဲ့ပါတယ်။ ဟက်ဖ်နာဟာ ၁၉၅၃ ခုနှစ်မှာ ပလေးဘွိုင်း မဂ္ဂဇင်းကို စတင်တည်ထောင်ခဲ့ပြီး သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။

ကူးပါးက သူ့ဖခင်ဟာ မီဒီယာနဲ့ ယဉ်ကျေးမှုတွေမှာ အစောဆုံး လုပ်ဆောင်ခဲ့ပြီး သြဇာသက်ရောက်သူတစ်ဦး ဖြစ်တယ်၊ သူ့ခေတ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ အရပ်ဖက် အခွင့်အရေးနဲ့ လိင်မှု လွတ်လပ်ခွင့်တို့အတွက် လုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ ပြောပါတယ်။

၁၉၉၂ ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ သူဟာ အချစ်ကို ရှာဖွေရင်း အမှားတွေ အများကြီး ဖြစ်ခဲ့တယ်လို့ ပြောဖူးပါတယ်။ အသက် ၈၅ နှစ်အရွယ်မှာ ဟက်ဖ်နာက သူ့ဘဝမှာ တကယ်စစ်မှန်တဲ့ အိမ်ထောင်ဖက် မတွေ့ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)