
0
107




တိရစ္ဆာန်ရုံတွေအတွက် အာဖရိက ဆင်တွေရောင်းချပေးမယ့် နိုင်ငံတွေ ကန့်သတ်

မျိုးတုံးမယ့် အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေ ကာကွယ်ရေး နိုင်ငံတကာ သဘောတူညီချက်အရ ဇင်ဘာဘွေနဲ့ ဘော့စ်ဝါနာနိုင်ငံတို့မှာ ဖမ်းမိတဲ့ ဆင်ရိုင်းတွေကို တိရစ္ဆာန်ရုံတွေကို ရောင်းချမှု ကန့်သတ်တော့မှာ ဖြစ်ပါတယ်။

တခြား အာဖရိက နိုင်ငံတွေကတော့ တုံ့ပြန်မှု မရှိသေးပါဘူး။ မျိုးတုံးမယ့် အန္တရာယ်ရှိတဲ့ သက်ရှိနဲ့ သစ်ပင်ပန်းမန်တွေ ကုန်သွယ်မှု နိုင်ငံတကာ သဘောတူညီချက် (CITES) အရ အခုလို သဘောတူလိုက်တာ ဖြစ်ပါတယ်။ အာဖရိက ဆင်ရိုင်းတွေဟာလည်း တခြားနိုင်ငံတွေက တိရစ္ဆာန်ရုံတွေကို ရောင်းချဖို့ ကောင်ရေ အကန့်အသတ် ရှိလာတာကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်သစ်မှာ ရှိနှင့်ပြီးသား အာဖရိက ဆင်ရိုင်းကိုတော့ အာဖရိကဆီ ပြန်ပို့ဖို့ မလိုဘဲ အနီးရှိ ဂျာမနီနိုင်ငံကို အရင် ပို့ဆောင်ဖို့တော့ ခွင့်ပြုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)