
0
115




ဗီဇာသက်တမ်းကုန်ပြီးနောက် သြစတြေးလျမှာ ခိုလှုံခွင့်တောင်းတဲ့ မလေးရှား ၃ သောင်းကျော်ရှိ

နေထိုင်ခွင့်ဗီဇာ သက်တမ်းကုန်ဆုံးပြီးနောက် ခိုလှုံခွင့်တောင်းခံတဲ့ မလေးရှားနိုင်ငံသား ၃၃၀ဝ၀ ရှိတယ်လို့ သြစတြေးလျ မဟာမင်းကြီး အင်ဒရူး ဂိုလက်ဇီနောင်စကီက ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ဗီဇာက်သက်တမ်း ကျော်လွန်နေထိုင်သူတွေ အများဆုံးဟာ မလေးရှားနိုင်ငံသားတွေဖြစ်ပြီး လက်ရှိ စာရင်းအရ ၁၀၅၀ဝ ကျော် ရှိနေသေးတယ်လို့ ဂိုလက်ဇီနောင်စကီက ပြောပါတယ်။ အခုအရေအတွက်ဟာ တခြား နိုင်ငံ သုံးခုက ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူ အရေအတွက်ထက်တောင် များနေပါသေးတယ်။

ဗီဇာသက်တမ်း ကျော်လွန်အောင် နေထိုင်သူ အများသူဟာ ကျောင်းသားတွေ၊ အလည်အပတ် လာရောက်သူတွေဖြစ်ပြီး သူတို့ဟာ သြစတြေးလျရဲ့ ပြည်နှင်ဒဏ် မူဝါဒကို အသုံးချကာ အခုလို ခိုလှုံခွင့်တောင်းတာ ဖြစ်ပါတယ်။ သြစတြေးလျရဲ့ ဥပဒေ ပျော့ပြောင်းမှုကို သူတို့ သိကြောင်း၊ တမင်သက်သက် ဗီဇာကျော်လွန်ကာ နေထိုင်ကြတာ ဖြစ်ကြောင်းနဲ့ သူတို့ဟာ မလေးရှားရဲ့ နိုင်ငံသားတွေအဖြစ်လည်း အကျုံးဝင်နေတာကြောင့် ဘယ်လို အဆုံးအဖြတ်ပေးရမယ်ဆိုတာ မသိသေးကြောင်း မဟာမင်းကြီး အင်ဒရူး ဂိုလက်ဇီနောင်စကီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)