
0
130




ဂျပန်မှာ အွန်လိုင်းကနေ ဆင်စွယ် ရောင်းချမှု Yahoo ရပ်ဆိုင်းမယ်

ဂျပန်နိုင်ငံမှာ အွန်လိုင်းကနေ ဆင်စွယ် လေလံတင်ရောင်းချမှုကို ရပ်ဆိုင်းမယ်လို့ Yahoo ဂျပန် ကော်ပိုရေးရှင်းက ပြောပါတယ်။

Yahoo ဂျပန်ဟာ ဆင်စွယ် ရောင်းဝယ်မှုနဲ့ ပတ်သက်လို့ မှောင်ခိုဈေးကွက်တွေနဲ့ ချိတ်ဆက်နေတယ်လို့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး အဖွဲ့တွေက ဝေဖန်ပြီးနောက် လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အွန်လိုင်းကနေ ဆင်စွယ် ရောင်းဝယ်မှုကို ပိတ်ပင်ဖို့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဆင်စွယ်ဟာ ဂျပန်မှာ လူကြိုက်များနေပြီး ဆင်စွယ်ပြည်ပက တင်သွင်းမှုကို ၁၉၈၉ ခုနှစ်မှာ ပိတ်ပင်ခဲ့ပေမယ့် ပြည်တွင်းမှာ ရောင်းဝယ်ခွင့်ကို ခွင့်ပြုထားတာလို့ အကြီးအကျယ် အရောင်းဈေးကွက် ဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)