ေတာင္ကိုရီးယားအေပၚ ပို႔ကုန္ထိန္းခ်ဳပ္ေရး မူ၀ါဒ မေျပာင္းလဲေၾကာင္း ဂ်ပန္ ေျပာ

0
75

ေတာင္ကိုရီးယားအေပၚ ထားရွိတဲ့ ဂ်ပန္အစိုးရရဲ႕ ပို႔ကုန္ထိန္းခ်ဳပ္ေရးဆိုင္ရာ မူဝါဒကိုေတာ့ ေျပာင္းလဲမွာ မဟုတ္ဘူးလို႔ ဂ်ပန္အစိုးရအဖြဲ႔ အတြင္းဝန္ခ်ဳပ္ ယိုရွိဟီဒဲစုဂါက ေျပာပါတယ္။

ပို႔ကုန္တင္ပို႔မႈဆိုင္ရာ လုပ္ငန္းစဥ္ေတြကို လြယ္ကူရွင္းလင္းစြာ လုပ္ေဆာင္တဲ့ ႏိုင္ငံမ်ားစာရင္းမွာ ဆက္ထားခဲ့မယ္ဆိုရင္ ေတာင္ကိုရီးယားဟာ ဂ်ပန္နဲ႔အၾကား ထားရွိတဲ့ ေထာက္လွမ္းေရးဆိုင္ရာ သတင္းအခ်က္အလက္ မွ်ေဝေရး သေဘာတူညီခ်က္ကို စြန္႔လႊတ္မွာ မဟုတ္ဘူးလို႔ ေတာင္ကိုရီးယားဝန္ႀကီးခ်ဳပ္ အီနတ္ယြန္က ေျပာခဲ့ပါတယ္။

မစၥတာ စုဂါက ဂ်ပန္နဲ႔ ထားရွိထားတဲ့ GSOMIA လို႔ေခၚတဲ့ စစ္ဘက္ သတင္းအခ်က္အလက္ လံုၿခဳံေရးဆိုင္ရာ အေထြေထြ သေဘာတူညီခ်က္ကို အဆုံးသတ္ဖို႔ ေတာင္ကိုရီးယားရဲ႕ ဆုံးျဖတ္ခ်က္ဟာ လက္ရွိျဖစ္ပ်က္ေနတဲ့ ေဒသတြင္း လုံၿခဳံေရးဆိုင္ရာ ပတ္ဝန္းက်င္ အေျခအေနအေပၚ လြဲမွားစြာ အကဲျဖတ္ခဲ့တာျဖစ္ၿပီး အလြန္တရာ ဝမ္းနည္းစရာပဲလို႔ ေျပာပါတယ္။

တောင်ကိုရီးယားအပေါ် ပို့ကုန်ထိန်းချုပ်ရေး မူဝါဒ မပြောင်းလဲကြောင်း ဂျပန် ပြော

တောင်ကိုရီးယားအပေါ် ထားရှိတဲ့ ဂျပန်အစိုးရရဲ့ ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒကိုတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိဟီဒဲစုဂါက ပြောပါတယ်။

ပို့ကုန်တင်ပို့မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လွယ်ကူရှင်းလင်းစွာ လုပ်ဆောင်တဲ့ နိုင်ငံများစာရင်းမှာ ဆက်ထားခဲ့မယ်ဆိုရင် တောင်ကိုရီးယားဟာ ဂျပန်နဲ့အကြား ထားရှိတဲ့ ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက် မျှဝေရေး သဘောတူညီချက်ကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားဝန်ကြီးချုပ် အီနတ်ယွန်က ပြောခဲ့ပါတယ်။

မစ္စတာ စုဂါက ဂျပန်နဲ့ ထားရှိထားတဲ့ GSOMIA လို့ခေါ်တဲ့ စစ်ဘက် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အထွေထွေ သဘောတူညီချက်ကို အဆုံးသတ်ဖို့ တောင်ကိုရီးယားရဲ့ ဆုံးဖြတ်ချက်ဟာ လက်ရှိဖြစ်ပျက်နေတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေအပေါ် လွဲမှားစွာ အကဲဖြတ်ခဲ့တာဖြစ်ပြီး အလွန်တရာ ဝမ်းနည်းစရာပဲလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)