အင်ဒိုနီးရှားမှာ ပထမဆုံး အသေခံဗုံးခွဲဖို့ ကြိုးစားတဲ့ အမျိုးသမီးကို ထောင်ဒဏ်ချမှတ်

0
238

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ သမ္မသတ အိမ်တော်မှာ အသေခံ ဗုံးခွဲဖို့ ကြံစည်ခဲ့တဲ့ အမျိုးသမီးကို ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

ဒီယန် ယူလီယာ နိုဗီကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ အသေခံဗုံးခွဲမယ့်ရက် မတိုင်ခင် တစ်ည သူ့ရဲ့ အခန်းမှာ ပေါင်းအိုးထဲ ထည့်ပြီး လုပ်ထားတဲ့ ၃ ကီလိုဂရမ်ရှိဗုံးနဲ့ အတူ ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားဟောင်း တစ်ဦးဖြစ်သူ ကိုယ်ဝန် ၉ လနဲ့ နိုဗီ (အသက် ၂၈ နှစ်) ဟာ အကြမ်းဖက်မှု ဥပဒေအရ အပြစ်ရှိကြောင်း တွေ့ရှိရတယ်လို့ သူ့ရှေ့နေက ပြောပါတယ်။

အမျိုးသမီးတစ်ယောက် အနေနဲ့ အသေခံဗုံးခွဲဖို့ ကြိုးစားခဲ့ကြောင့် ဝန်ခံတာ အင်ဒိုနီးရှားမှာ ပထမဆုံးဖြစ်ပြီး အကြမ်းဖက်မှုမှာ အမျိုးသမီးတွေ ပါဝင်လာတာကို မီးမောင်းထိုးပြနေပါတယ်။

ဖမ်းမိတဲ့ တခြား စစ်သွေးကြွ ၅ ဦးမှာ နိုဗီရဲ့ ယောက်ျားလည်း ပါဝင်ပါတယ်။ နိုဗီက လူသစ်စုဆောင်းထားတဲ့ တူတင် ဆူဂီယာတီက ထောင်ဒဏ် ၃ နှစ်ခွဲ ချမှတ်ခံရပါတယ်။

အသေခံ ဗုံးခွဲမယ့် နိုဗီတို့ အုပ်စုဟာ ဆီးရီးယားမှာ တိုက်ခိုက်နေတဲ့ ISIL အဖွဲ့က အင်ဒိုနီးရှား စစ်သွေးကြွ အာရွန် နီယမ်နဲ့ ဆက်စပ်နေတယ်လို့ အင်ဒိုနီးရှား ရဲတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)