TikTok မှာ အကတင်တဲ့ အီဂျစ်မိန်းမငယ်တွေ ထောင်ဒဏ် နှစ်နှစ် အပြစ်ပေးခံရ

0
310

အကတွေနဲ့ TikTok မှာ တင်တဲ့ အီဂျစ်မိန်းမငယ်တွေကို အီဂျစ်တရားရုံးက ‘မတော်တလျော်’ အကတွေ ဖြစ်တယ်ဆိုပြီး ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပြီး ဝေဖန်သူတွေကတော့ ရှေးရိုးဆန်တဲ့ လူ့အသိုင်းအဝိုင်းမှာ မိမိ ခံစားချက်ကို ထုတ်ဖော်မှုအပေါ် နောက်ထပ် နှိပ်ကွပ်မှုတစ်ခု ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

TikTok ပေါ်မှာ အကတွေတင်တဲ့ မိန်းကလေးတွေဟာ အီဂျစ်မိသားစုရဲ့ စည်းကမ်းနဲ့ တန်ဖိုးကို ဖောက်ဖျက်မှုအတွက် အီဂျစ်ပေါင်ငွေ ၃ သိန်းစီလည်း ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို အပြုအမူတွေဟာ အပျော်ကြူးမှုနဲ့ လူကုန်ကူးမှုကို အားပေးအားမြှောက်ပြုကြောင်း အစိုးရ ရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိန်းမငယ်တွေရဲ့ ရှေ့နေတွေကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။ တရားစွဲအပြစ်ပေးခံရတဲ့ မိန်းကလေး နှစ်ဦးကတော့ အသက် ၂၀ အရွယ် ကျောင်းသူ ဟာနင် ဟော်ဆန်နဲ့ အသက် ၂၂ နှစ်အရွယ် မာဝါဒါ အယ်လာဒမ်တို့ ဖြစ်ပြီး တခြား မိန်းကလေး သုံးဦးကတော့ သူတို့ရဲ့ လူမှုမီဒီယာအကောင့်တွေမှာ အကူအညီပေးမှုနဲ့ ဖြစ်ပါတယ်။

ဒီမိန်းကလေးနှစ်ဦးရဲ့ TikTok မှာ follower သန်းနဲ့ချီရှိနေပြီး စက္ကန့်ပိုင်းကြာတဲ့ အဲဒီ ဗီဒီယိုတွေထဲမှာ သူတို့ဟာ မိတ်ကပ်တွေလိမ်းပြီး ကားထဲမှာ ဟန်ရေးပြတာ၊ မီးဖိုချောင်ထဲမှာ ကတာ၊ စကတ်နဲ့ပတ်သက်ပြီး နောက်ပြောင်တာတွေ လုပ်ထားပါတယ်။

အဲဒီလို လူတွေအားပေးမှု ရတာက သူတို့ကို အီဂျစ်မှာ “လူမှုမီဒီယာကို တလွဲအသုံးပြုခြင်း”၊ “သတင်းမှား ဖြန့်ခြင်း”၊ “အပျော်ကြူးမှုနဲ့ ကျင့်ဝတ်မညီမှု”ဆိုတဲ့ ရှင်းလင်းခြင်းမရှိတဲ့ ရာဇဝတ်မှု ကျူးလွန်ရာရောက်စေပြီး ထောင်ကျစေနိုင်တာ ဖြစ်ပါတယ်။

အယ်လာဒမ်ရဲ့ ရှေ့နေ လက်ထောက်ကတော့ အယ်လာဒမ်ဟာ တရားရုံးမှာ ငိုယိုခဲ့ကြောင်း၊ ထောင် နှစ်နှစ်၊ အီဂျစ်ပေါင်ငွေ ၃ သိန်းဆိုတာ လက်ခံဖို့ အလွန်ခဲယဉ်းလှကြောင်း ပြောပါတယ်။

သူတို့ဟာ follower ရခငွရြုံလေးပါပဲ၊ သူတို့ဟာ ဘယြ ပှည့တြနဆြာ ကှနရြကတြဈခုတလမှလေညြး မပတသြကကြှောငြး၊ အစိုးရ ရှေ့နတှကေေ ဘယလြို အဓိပျပာယြ ကောကတြယဆြိုတာကို မသိကှောငြး ရှေ့နရေဲ့ လကထြောကကြ ပှောပါတယြ။

__________________

__________________

TikTok မှာ အကတငျတဲ့ အီဂစြျမိနျးမငယျတှေ ထောငျဒဏျ နှဈနှဈ အပွဈပေးခံရ

အကတွေနဲ့ TikTok မှာ တင်တဲ့ အီဂျစ်မိန်းမငယ်တွေကို အီဂျစ်တရားရုံးက ‘မတော်တလျော်’ အကတွေ ဖြစ်တယ်ဆိုပြီး ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပြီး ဝေဖန်သူတွေကတော့ ရှေးရိုးဆန်တဲ့ လူ့အသိုင်းအဝိုင်းမှာ မိမိ ခံစားချက်ကို ထုတ်ဖော်မှုအပေါ် နောက်ထပ် နှိပ်ကွပ်မှုတစ်ခု ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

TikTok ပေါ်မှာ အကတွေတင်တဲ့ မိန်းကလေးတွေဟာ အီဂျစ်မိသားစုရဲ့ စည်းကမ်းနဲ့ တန်ဖိုးကို ဖောက်ဖျက်မှုအတွက် အီဂျစ်ပေါင်ငွေ ၃ သိန်းစီလည်း ဒဏ်ငွေဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို အပြုအမူတွေဟာ အပျော်ကြူးမှုနဲ့ လူကုန်ကူးမှုကို အားပေးအားမြှောက်ပြုကြောင်း အစိုးရ ရှေ့နေတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

မိန်းမငယ်တွေရဲ့ ရှေ့နေတွေကတော့ အယူခံဝင်မယ်လို့ ပြောပါတယ်။ တရားစွဲအပြစ်ပေးခံရတဲ့ မိန်းကလေး နှစ်ဦးကတော့ အသက် ၂၀ အရွယ် ကျောင်းသူ ဟာနင် ဟော်ဆန်နဲ့ အသက် ၂၂ နှစ်အရွယ် မာဝါဒါ အယ်လာဒမ်တို့ ဖြစ်ပြီး တခြား မိန်းကလေး သုံးဦးကတော့ သူတို့ရဲ့ လူမှုမီဒီယာအကောင့်တွေမှာ အကူအညီပေးမှုနဲ့ ဖြစ်ပါတယ်။

ဒီမိန်းကလေးနှစ်ဦးရဲ့ TikTok မှာ follower သန်းနဲ့ချီရှိနေပြီး စက္ကန့်ပိုင်းကြာတဲ့ အဲဒီ ဗီဒီယိုတွေထဲမှာ သူတို့ဟာ မိတ်ကပ်တွေလိမ်းပြီး ကားထဲမှာ ဟန်ရေးပြတာ၊ မီးဖိုချောင်ထဲမှာ ကတာ၊ စကတ်နဲ့ပတ်သက်ပြီး နောက်ပြောင်တာတွေ လုပ်ထားပါတယ်။

အဲဒီလို လူတွေအားပေးမှု ရတာက သူတို့ကို အီဂျစ်မှာ “လူမှုမီဒီယာကို တလွဲအသုံးပြုခြင်း”၊ “သတင်းမှား ဖြန့်ခြင်း”၊ “အပျော်ကြူးမှုနဲ့ ကျင့်ဝတ်မညီမှု”ဆိုတဲ့ ရှင်းလင်းခြင်းမရှိတဲ့ ရာဇဝတ်မှု ကျူးလွန်ရာရောက်စေပြီး ထောင်ကျစေနိုင်တာ ဖြစ်ပါတယ်။

အယ်လာဒမ်ရဲ့ ရှေ့နေ လက်ထောက်ကတော့ အယ်လာဒမ်ဟာ တရားရုံးမှာ ငိုယိုခဲ့ကြောင်း၊ ထောင် နှစ်နှစ်၊ အီဂျစ်ပေါင်ငွေ ၃ သိန်းဆိုတာ လက်ခံဖို့ အလွန်ခဲယဉ်းလှကြောင်း ပြောပါတယ်။

သူတို့ဟာ follower ရချင်ရုံလေးပါပဲ၊ သူတို့ဟာ ဘယ် ပြည့်တန်ဆာ ကွန်ရက်တစ်ခုတလေမှလည်း မပတ်သက်ကြောင်း၊ အစိုးရ ရှေ့နေတွေက ဘယ်လို အဓိပ္ပာယ် ကောက်တယ်ဆိုတာကို မသိကြောင်း ရှေ့နေရဲ့ လက်ထောက်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)