ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ ငတ်မွတ်မှုကြောင့် ကမ္ဘာမှာ တစ်လကို ကလေးသူငယ် ၁ သောင်းခန့် သေဆုံးနေ

0
114

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဆက်စပ်ပြီး ငတ်မွတ်မှုတွေကြောင့် ကမ္ဘာမှာ တစ်လကို ကလေးသူငယ် ၁ သောင်းခန့် သေဆုံးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုတွေက ဆင်းရဲငတ်မွတ်နေတဲ့ လူတွေကို အစွန်ရောက်အောင် တွန်းပို့နေကြောင်း၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး အဆက်အသွယ် ပြတ်နေတဲ့ ကျေးရွာတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ မရောက်ရှိနေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါနဲ့ ဆက်စပ်ပြီး ငတ်မွတ်ခေါင်းပါးမှုတွေကြေင့် ကမ္ဘာပေါ်မှာ တစ်လကို ကလေးသူငယ် ၁ သောင်းခန့် သေဆုံးနေရပြီး အရေးပေါ် ကူညီဆောင်ရွက်မှုတွေ လိုအပ်ကြောင်း တိုက်တွန်းထားတဲ့စာကို လန်ဆင့် ဆေးပညာဂျာနယ်မှာ ဖော်ပြဖို့ စီစဉ်နေပါတယ်။

နောက်ထပ် ကလေးငယ် ၅ သိန်း ၅ သောင်းဟာလည်း လစဉ် အာဟာရ မပြည့်ဝမှုနဲ့ ကြုံနေပြီး ရောဂါနဲ့ လုံးပါးပါးနေရပါတယ်။ မနှစ်က အခုလို ကြုံရတဲ့ ကလေးသူငယ် ၄၇ သန်း ရှိရာမှာ အခု တစ်နှစ်တာအတွင်း နောက်ထပ် ၆ ဒသမ ၇ သန်း ပိုတိုးလာပါတယ်။

ရောဂါနဲ့လုံးပါးပါးခြင်း၊ ကြီးထွားနှုန်း ရပ်တန့်ခြင်းတွေဟာ ကလေးငယ်တွေကို တစ်ဘဝလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှာ ဖြစ်ပြီး တစ်ဦးချင်း ကံဆိုးမိုးမှောင်ကျမှုကနေ မျိုးဆက်တစ်ခုလုံးပါ ကပ်ဆိုက်နိုင်ပါတယ်။

COVID-19 ရောဂါ အကပွအြတညြးကှောင့ြ စားနပရြိကျခာ မလုံလောကမြှုဟာ အခုကနေ နှဈပေါငြးမွားစှာအထိ ထိခတနြေဦးမှာ ဖှဈကှောငြး၊ လူမှုပိုငြးဆိုငရြာ သကရြောကမြှုတှေ ဖှဈလာတော့မှာ ဖှဈကှောငြး ကမျဘာ့ကနွြးမာရေး အဖှဲ့ (WHO) ရဲ့ အာဟာရပိုငြးဆိုငရြာ အကှီးအကဲ ဒေါကတြာ ဖရနဆြကစြကို ဘရနကြာက ပှောပါတယြ။

__________________

__________________

ကပျရောဂါနဲ့ ဆကျစပျတဲ့ ငတျမှတျမှုကွောငျ့ ကမ်ဘာမှာ တဈလကို ကလေးသူငယျ ၁ သောငျးခနျ့ သဆေုံးနေ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဆက်စပ်ပြီး ငတ်မွတ်မှုတွေကြောင့် ကမ္ဘာမှာ တစ်လကို ကလေးသူငယ် ၁ သောင်းခန့် သေဆုံးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဗိုင်းရပ်စ်ကြောင့် ကန့်သတ်မှုတွေက ဆင်းရဲငတ်မွတ်နေတဲ့ လူတွေကို အစွန်ရောက်အောင် တွန်းပို့နေကြောင်း၊ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး အဆက်အသွယ် ပြတ်နေတဲ့ ကျေးရွာတွေကို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ မရောက်ရှိနေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါနဲ့ ဆက်စပ်ပြီး ငတ်မွတ်ခေါင်းပါးမှုတွေကြေင့် ကမ္ဘာပေါ်မှာ တစ်လကို ကလေးသူငယ် ၁ သောင်းခန့် သေဆုံးနေရပြီး အရေးပေါ် ကူညီဆောင်ရွက်မှုတွေ လိုအပ်ကြောင်း တိုက်တွန်းထားတဲ့စာကို လန်ဆင့် ဆေးပညာဂျာနယ်မှာ ဖော်ပြဖို့ စီစဉ်နေပါတယ်။

နောက်ထပ် ကလေးငယ် ၅ သိန်း ၅ သောင်းဟာလည်း လစဉ် အာဟာရ မပြည့်ဝမှုနဲ့ ကြုံနေပြီး ရောဂါနဲ့ လုံးပါးပါးနေရပါတယ်။ မနှစ်က အခုလို ကြုံရတဲ့ ကလေးသူငယ် ၄၇ သန်း ရှိရာမှာ အခု တစ်နှစ်တာအတွင်း နောက်ထပ် ၆ ဒသမ ၇ သန်း ပိုတိုးလာပါတယ်။

ရောဂါနဲ့လုံးပါးပါးခြင်း၊ ကြီးထွားနှုန်း ရပ်တန့်ခြင်းတွေဟာ ကလေးငယ်တွေကို တစ်ဘဝလုံး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှာ ဖြစ်ပြီး တစ်ဦးချင်း ကံဆိုးမိုးမှောင်ကျမှုကနေ မျိုးဆက်တစ်ခုလုံးပါ ကပ်ဆိုက်နိုင်ပါတယ်။

COVID-19 ရောဂါ အကျပ်အတည်းကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုဟာ အခုကနေ နှစ်ပေါင်းများစွာအထိ ထိခတ်နေဦးမှာ ဖြစ်ကြောင်း၊ လူမှုပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ဖြစ်လာတော့မှာ ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ရဲ့ အာဟာရပိုင်းဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဖရန်ဆက်စကို ဘရန်ကာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)