ဟောင်ကောင်နဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူစာချုပ်ကို ဆိုင်းငံ့မယ်လို့ နယူးဇီလန် ကြေညာ

0
193

ဟောင်ကောင်အပေါ် တရုတ်က ပြဋ္ဌာန်းမယ့် လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်ပြီး ဟောင်ကောင်နဲ့ သဘောတူထားတဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို မဟာမိတ်နိုင်ငံတွေနည်းတူ ဆိုင်းငံ့မယ်လို့ နယူးဇီလန်နိုင်ငံက ဇူလိုင်လ ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဟောင်ကောင်မှာ အလားတူ တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားတဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့ ကြေညာပြီးနောက် ထောက်လှမ်းရေး အချက်အလက် ဝေမျှတဲ့ “Five Eyes” မှာ နောက်ဆုံး ငါးနိုင်ငံမြောက်အဖြစ် နယူးဇီလန်နိုင်ငံ ပါဝင်လာတာပါ။

ပုံမှန်အားဖြင့် နယူးဇီလန်နိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ တရုတ်အပေါ် အများဆုံး မှီခိုနေရပြီး နိုင်ငံရေး တိုက်ရိုက် ထိပ်တိုက်တွေ့မှုတွေကို ရှောင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တရုတ်ဟာ နှစ်စဉ် နယူးဇီလန်ထံကနေ နို့မှုန့် အပါအဝင် စိုက်ပျိုးရေးထွက်ကုန်တွေ ဒေါ်လာ ဘီလီယံချီ ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပါတယ်။

နယူးဇီလနြ နိုငငြံခှားရေးဝနကြှီး ဝငစြတနြ ပီတာက တရုတရြဲ့ ဟောငကြောငကြို ပှဋျဌာနြးမယ့ြ ဥပဒသဈေဟာ နိုငငြံတကာနဲ့ ဆန့ကြငွနြတယေလြို့ ပှောပါတယြ။

__________________

__________________


ဟောင်ကောင်အပေါ် တရုတ်က ပြဋ္ဌာန်းမယ့် လုံခြုံရေး ဥပဒေသစ်နဲ့ ပတ်သက်ပြီး ဟောင်ကောင်နဲ့ သဘောတူထားတဲ့ တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို မဟာမိတ်နိုင်ငံတွေနည်းတူ ဆိုင်းငံ့မယ်လို့ နယူးဇီလန်နိုင်ငံက ဇူလိုင်လ ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဟောင်ကောင်မှာ အလားတူ တရားခံလွှဲပြောင်းပေးရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားတဲ့နိုင်ငံတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့ ကြေညာပြီးနောက် ထောက်လှမ်းရေး အချက်အလက် ဝေမျှတဲ့ “Five Eyes” မှာ နောက်ဆုံး ငါးနိုင်ငံမြောက်အဖြစ် နယူးဇီလန်နိုင်ငံ ပါဝင်လာတာပါ။

ပုံမှန်အားဖြင့် နယူးဇီလန်နိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ တရုတ်အပေါ် အများဆုံး မှီခိုနေရပြီး နိုင်ငံရေး တိုက်ရိုက် ထိပ်တိုက်တွေ့မှုတွေကို ရှောင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ တရုတ်ဟာ နှစ်စဉ် နယူးဇီလန်ထံကနေ နို့မှုန့် အပါအဝင် စိုက်ပျိုးရေးထွက်ကုန်တွေ ဒေါ်လာ ဘီလီယံချီ ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး ဝင်စတန် ပီတာက တရုတ်ရဲ့ ဟောင်ကောင်ကို ပြဋ္ဌာန်းမယ့် ဥပဒေသစ်ဟာ နိုင်ငံတကာနဲ့ ဆန့်ကျင်နေတယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)