ဒိုမီနီကန်နိုင်ငံ ဂရိတ်တာ ဆန်တို ဒိုမင်ဂိုမြို့မှာ COVID-19 ကူးစက်သူတွေအတွက် ခုတင် မဆံ့တော့

0
123

ဒိုမီနီကန် သမ္မတနိုင်ငံရဲ့ မြို့တော် ဂရိတ်တာ ဆန်တို ဒိုမင်ဂိုမြို့မှာ COVID-19 ကူးစက်လို့ ဆေးရုံတက်နေရသူ ၆၄၁ ဦး ရှိနေပြီး နောက်ထပ် လူနာလက်ခံဖို့ ခုတင်မရှိတော့ဘူးလို့ ဒိုမီနီကန် ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့က ပြောပါတယ်။

မြို့တော်ရှိ ဆေးရုံခုတင်တွေရဲ့ ၁၀၀ ရာခိုင်နှုန်း ပြည့်နေပြီဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ လူ ၁၂၂ ဦး၊ အဲဒီအထဲက ၆၅ ဦးဟာ အသက်ရှူစက် တပ်ပေးထားရတဲ့အတွက် အထူးကြပ်မတ်ကုသဆောင်မှာ ၈၀ ရာခိုင်နှုန်း လူပြည့်နေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကရစ်ဘီယံပင်လယ်အတွင်းရှိ နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေပေမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ပေးထားခဲ့ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ တစ်ရက်တည်းတင် COVID-19 ကူးစက်သူ လူနာသစ် ၁၀၀ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ စံချိန်တင် ၁၂၄၈ ဦး ရှိခဲ့ပြီး နိုင်ငံမှာ စုစုပေါင်း ရောဂါကူးစက်သူ ၆၄၁၅၀ ကျော် ရှိကာ ရောဂါကြောင့် သေဆုံးသူ ၁၀၈၃ ဦး ရှိတယ်လို့ ဒိုမီနီကန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် ဒိုမီနီကန်နိုင်ငံမှာ ကျန်းမာရေးလုပ်သား ၂၅၉ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး အဲဒီထဲက ၁၆၅ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

ရောဂါကူးစကမြှု အကပွအြတညြးကို တုံ့ပှနတြဲ့အနနေဲ့ အသဈရှေးကောကခြံ အစိုးရက နောကထြပြ ခုတငြ ၅၀၀ ဆံ့ဆေးရုံ အကောငအြထညဖြောပြေးမှာ ဖှဈကှောငြးနဲ့ အလုပခြှငနြဲ့ ပှငပြမှာ လူခငွြးခပခြှာခှာနဖေို့ကို လာမယ့ြ သှဂုတလြအထိ သကတြမြးတိုးမယလြို့ ကတိပေးထားပါတယြ။

_________________

_________________


ဒိုမီနီကန် သမ္မတနိုင်ငံရဲ့ မြို့တော် ဂရိတ်တာ ဆန်တို ဒိုမင်ဂိုမြို့မှာ COVID-19 ကူးစက်လို့ ဆေးရုံတက်နေရသူ ၆၄၁ ဦး ရှိနေပြီး နောက်ထပ် လူနာလက်ခံဖို့ ခုတင်မရှိတော့ဘူးလို့ ဒိုမီနီကန် ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၇ ရက်နေ့က ပြောပါတယ်။

မြို့တော်ရှိ ဆေးရုံခုတင်တွေရဲ့ ၁၀၀ ရာခိုင်နှုန်း ပြည့်နေပြီဖြစ်ပြီး အထူးကြပ်မတ်ကုသဆောင်မှာ လူ ၁၂၂ ဦး၊ အဲဒီအထဲက ၆၅ ဦးဟာ အသက်ရှူစက် တပ်ပေးထားရတဲ့အတွက် အထူးကြပ်မတ်ကုသဆောင်မှာ ၈၀ ရာခိုင်နှုန်း လူပြည့်နေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကရစ်ဘီယံပင်လယ်အတွင်းရှိ နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေပေမယ့် ဇူလိုင်လ ၁ ရက်နေ့ကစပြီး ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ပေးထားခဲ့ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ တစ်ရက်တည်းတင် COVID-19 ကူးစက်သူ လူနာသစ် ၁၀၀ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ စံချိန်တင် ၁၂၄၈ ဦး ရှိခဲ့ပြီး နိုင်ငံမှာ စုစုပေါင်း ရောဂါကူးစက်သူ ၆၄၁၅၀ ကျော် ရှိကာ ရောဂါကြောင့် သေဆုံးသူ ၁၀၈၃ ဦး ရှိတယ်လို့ ဒိုမီနီကန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် ဒိုမီနီကန်နိုင်ငံမှာ ကျန်းမာရေးလုပ်သား ၂၅၉ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပြီး အဲဒီထဲက ၁၆၅ ဦးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ရောဂါကူးစက်မှု အကျပ်အတည်းကို တုံ့ပြန်တဲ့အနေနဲ့ အသစ်ရွေးကောက်ခံ အစိုးရက နောက်ထပ် ခုတင် ၅၀၀ ဆံ့ဆေးရုံ အကောင်အထည်ဖော်ပေးမှာ ဖြစ်ကြောင်းနဲ့ အလုပ်ခွင်နဲ့ ပြင်ပမှာ လူချင်းခပ်ခွာခွာနေဖို့ကို လာမယ့် သြဂုတ်လအထိ သက်တမ်းတိုးမယ်လို့ ကတိပေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)