COVID-19 ကာလကို အခွင့်ကောင်းယူပြီး အစွန်းရောက်တွေက အွန်လိုင်းကနေ လူငယ်တွေကို သွေးဆောင်နေ

0
183

COVID-19 ကပ်ရောဂါ ကာလကို အခွင့်ကောင်းယူပြီး အစွန်းရောက် အုပ်စုတွေက လူမှုကွန်ရက် အွန်လိုင်းကနေတစ်ဆင့် လူငယ်တွေကို သွေးဆောင်နေတယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တာရတ်ဇ်က သတိပေးလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မဖြစ်ခင်ကတည်းက လူငယ် ငါးဦးလျှင် တစ်ဦးဟာ ပညာမတတ်တာ၊ လေ့ကျင့်သင်ကြားမှု မရှိတာ၊ အလုပ်အကိုင် မရှိတာတွေ ဖြစ်နေကြောင်း၊ ဒါ့အပြင် မိန်းကလေးငယ် ၁၂ သန်းဟာ အရွယ်မရောက်ခင် ကလေးမွေးနေရကြောင်းလည်း မစ္စတာ ဂတ်တာရတ်ဇ်က ပြောပါတယ်။

အစွန်းရောက်အုပ်စုတွေ အနေနဲ့ လူငယ်တွေရဲ့ မကျေနပ်မှု၊ စိတ်ပျက်အားငယ်မှုတွေကို အလွယ်တကူ အသုံးချဖို့ အကောင်းဆုံး ဖြစ်နေတယ်လို့ သူက ပြောပါတယ်။ ဒီစိန်ခေါ်မှုတွေကို လူငယ်တွေအနေနဲ့ ညှိနှိုင်းတဲ့နည်းလမ်း၊ တစ်ဦးနဲ့တစ်ဦး ဖေးမမှု၊ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်အောင် လုပ်မှုတွေနဲ့ လုပ်ဆောင်ရမယ်လို့ မစ္စတာ ဂတ်တာရတ်ဇ်က ပြောပါတယ်။

____________________

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)