ကပ်ရောဂါကြောင့် အနောက်အာဖရိက အငတ်ဘေးက ၅ ဆ ပိုများနိုင်

0
235

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဆက်လက်ပြီး ဆိုးနေမယ်ဆိုရင် အနောက် အာဖရိကမှာ အငတ်ဘေးဟာ ၅ ဆ တိုးလာလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က သတိပေးလိုက်ပါတယ်။

အနောက် အာဖရိကမှာ မိုးခေါင်ရေရှားမှုကြောင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ ရောဂါဘယ များပြားမှုနဲ့ ပဋိပက္ခတွေဟာ အခု COVID-19 ကပ်ရောဂါကြောင့် ပိုဆိုးလာလိမ့်မယ်လို့ FAO ရဲ့ ဌာနေကိုယ်စားလှယ် ကွန်ဘာ ဆောက ပြောပါတယ်။

အနောက် အာဖရိကမှာ ဧပြီလအထိ လူ ၁၁ သန်းဟာ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်း၊ အငတ်ဘေးဆိုက်တဲ့ လူဦးရေ ပိုများလာနိုင်ကြောင်းနဲ့ အရေးပေါ် အကူအညီမရရင် လာမယ့် ဇွန်နဲ့ သြဂုတ်လကြားမှာ အငတ်ဘေးကြုံသူ ၁၇ သန်းအထိ တိုးလာနိုင်ကြောင်းလည်း သူက ပြောပါတယ်။

တကယ်လို့ COVID-19 ရောဂါ ကပ်ဘေးက ဆက်ပြီး ပိုဆိုးနေမယ်ဆိုရင် စားနပ်ရိက္ခာ အခက်ကြုံသူဟာ သန်း ၅၀ အထိ ဖြစ်လာလိမ့်မယ်လို့ ကွန်ဘာ ဆောက သတိပေးလိုက်ပါတယ်။

အငတ်ဘေးလည်းဆိုက်၊ စစ်ဘေးလည်း ရှောင်နေရသူတွေဆိုရင် အခြေအနေ အဆိုးဆုံး အန္တရာယ်ရှိကြောင်းနဲ့ ဆာဟယ်ဒေသမှာဆိုရင် ကမ္ဘာပေါ်မှာ အာဟာရ မပြည့်ဆုံး နေရာဖြစ်နေကြောင်း၊ ဘာကီနာဖူဆို၊ မာလီနဲ့ နိုင်ဂျာနိုင်ငံတွေက ကလေးငယ် ၂ ဒသမ ၅ သန်းတို့ဟာ အာဟာရ မပြည့်တဲ့ ဒုက္ခတွေကို ရင်ဆိုင်ရနိုင်ကြောင်းလည်း သူက ပြောပါတယ်။

____________________

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)