ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆို

0
356

တိုင်းပြည်ရဲ့ဝရုန်းသုန်းကား ဖြစ်စဉ်တွေကို ရပ်တန့်နိုင်ဖို့အတွက် အထွေထွေရွေးကောက်ပွဲကို အချိန်စောပြီး ကျင်းပဖို့နည်းလမ်းတစ်ခုပဲ ရှိတဲ့အကြောင်း ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟင်နရီခေးကာပရီက ပြောပါတယ်။

မစ္စတာကာပရီက သမ္မတမာဒူရိုဟာ ဗင်နီဇွဲလားပြည်သူတွေရဲ့ မဲပေးခွင့်ကို ဖိနှိပ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။
“ ပြည်သူတွေရဲ့မဲပေးခွင့်ကို မာဒူရိုက ဘယ်လောက်ကြာကြာ ပိတ်ပင်ထားနိုင်သလဲ၊ သိတ်မကြာတော့ဘူးလို့ ယူဆပါတယ်” လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

စီးပွားရေးချွတ်ခြုံကျပြီး ငွေကြေးဖောင်းပွလာပြီးနောက် ယခုလအတွင်း ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့ရပါတယ်။
“ အစိုးရလုပ်နေတာတွေက ဘာမှအကျိုးမရှိပါဘူး၊ ဖိနှိပ်တယ်၊ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက် တယ်” လို့ မစ္စတာကာပရီက ဆိုပါတယ်။ မစ္စတာကာပရီက ၂၀၁၃ခုနှစ်ရွေးကောက်ပွဲမှာ မာဒူရိုကို ရှုံးနိမ့်ခဲ့သူပါ။

မာရင်ဒါပြည်နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ချိုးဖောက်မှုတွေ ပြုလုပ်တယ်လို့ စွပ်စွဲပြီး သမ္မတမာဒူရိုက မစ္စတာကာပရီကို နိုင်ငံရေး ပါတီကနေ ၁၅ နှစ် ပိတ်ပင်ထုတ်ပယ်ခဲ့ပါတယ်။ ဒီပိတ်ပင်မှုက ဖွဲ့စည်းပုံဥပဒေနဲ့ မညီညွှတ်ဘူးလို့ မစ္စတာ ကာပရီက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)