ဂျာမနီမှာ ခေါင်းမြီးခြုံ ဘူကာကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ပြီ

0
369

ဘူကာလို့ခေါ်တဲ့ အစ္စလာမ်မစ်ခြုံထည် ၀တ်ဆင်မှုကို တစိတ်တပိုင်းပိတ်ပင်တဲ့ ဥပဒေတစ်ရပ်ကို ဂျာမနီပါလီမန်က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဥပဒေကို ဂျာမနီအောက်လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပြီး အထက်လွှတ်တော်ရဲ့အတည်ပြုချက်ရယူဖို့ လိုအပ်နေပါသေးတယ်။ ပြဌာန်းတော့မယ့် ဥပဒေအရဂျာမနီနိုင်ငံမှာ ပြည်သူ့ဝန်ထမ်း၊ တရားသူကြီးနဲ့ စစ်သားတွေဟာ လုပ်ငန်းခွင်မှာ ဘူကာ ၀တ်ဆင်မှုကို တားဆီးလိုက်ပါတယ်။

အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဘူကာဝတ်ဆင်မှုကို လုံးဝပိတ်ပင်ဖို့ ဂျာမနီလက်ယာစွန်းပါတီက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်း အရှေ့အလယ်ပိုင်း မွတ်စလင်တွေအပါအ၀င် ရွှေ့ပြောင်းအခြေချနေထိုင်သူ တစ်သန်းကျော် ဂျာမနီနိုင်ငံကို ၀င်ရောက်ခဲ့ပါတယ်။

ဂျီဟတ်တိုက်ခိုက်မှု အတော်များများဖြစ်ခဲ့ပြီး ဘာလင်မြို့က ခရစ္စမတ်ဈေးတန်းကို ထရပ်ကားနဲ့ ၀င်တိုက်ခဲ့တာကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ရပါတယ်။
ဘူကာဆိုတာက မွတ်စလင်ဘာသာအရအမျိုးသမီးတွေ ခေါင်းမြီးခြုံဝတ်ဆင်တဲ့ အထည်ဖြစ်ပြီး ဂျာမနီနိုင်ငံမှာ အတော်များများက မ၀တ်ကြပါဘူး။

ဂျာမနီပြည်ထဲရေးဝန်ကြီး သောမတ်စ်ဒေမီဇီရီက ဂျာမနီမှာ အခြားယဉ်ကျေးမှုတွေကို ဘယ်လောက် သည်းခံပေးတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ဘူကာသတ်မှတ်ချက်ကို ဆီလျော်အောင် သတ်မှတ်ပေးတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

လက်ယာစွန်းပါတီက ပြင်သစ်နိုင်ငံကို နမှုနာယူပြီး ဂျာမနီနိုင်ငံရဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဘူကာဝတ်ဆင်မှုကို လုံးဝပိတ်ပင်ဖို့ လိုလားနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)