ကလေးလက်ထပ်ပွဲကို ဆန့်ကျင်မှု ဘာသာရေးအမိန့် အင်ဒိုနီးရှားမှာ ထုတ်ပြန်

0
321

အင်ဒိုနီးရှား အမျိုးသမီးအစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်တွေက ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဘာသာရေးအမိန့် ဖာတ၀ါတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ဖါတ၀ါဟာ တရားမ၀င်ပေမယ့် လွှမ်းမိုးမှုရှိနေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ အမျိုးသမီးဘာသာရေး ခေါင်းဆောင်ကွန်ဂရက်ကို သုံးရက်ကြာ ကျင်းပအပြီးမှာ ဒီအမိန့်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အမျိုးသမီး ဘာသာရေးခေါင်းဆောင်တွေက လက်ထပ်နိုင်တဲ့ အသက်အရွယ်ကို လက်ရှိသတ်မှတ်ချက် ၁၆ နှစ်ကနေ ၁၈ နှစ်ကို တိုးမြှင့်ဖို့ အစိုးရကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်အများစုနေထိုင်တဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ ကလေးသူငယ်လက်ထပ်မှု အများဆုံးနိုင်ငံတွေထဲ မှာ အပါအ၀င်ဖြစ်နေပါတယ်။

ယူနီဆက်ဖ်ရဲ့ဖော်ပြချက်အရ အင်ဒိုနီးရှားအမျိုးသမီးလေးဦးမှာ တစ်ဦးဟာ အသက် ၁၈ နှစ်မပြည့်ခင် လက်ထပ်ခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။
အမျိုးသမီးဘာသာရေး ခေါင်းဆောင်ကွန်ဂရက်ကို ဂျာဗားကျွန်းရှိ စီရီဘွန်မြို့မှာ ကျင်းခဲ့တာဖြစ်ပြီး မွတ်စလင်အမျိုးသမီးဘာသာ ရေးခေါင်းဆောင် တွေရဲ့ပထမဆုံးအကြိမ် ကြီးကြီးမားမားစည်းဝေးမှု ဖြစ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် အင်ဒိုနီးရှားနိုင်ငံမှာ ဖါတ၀ါထုတ်ပြန်မှုကို အမျိုးသား ဘာသာရေးခေါင်းဆောင်တွေချည်းပါတဲ့ အစ္စလာမ်မစ် အာဏာပိုင်အဖွဲ့ အူလီမာက ထုတ်ပြန်လေ့ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)