အာဆီယံအစည်းအဝေး မကျင်းပခင် ဖိလစ်ပိုင်မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်

0
355

လာမဲ့ ဧပြီလ ၂၉ ရက်နေ့မှာ အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ အာဆီယံထိပ်သီး  ၃၀ ကြိမ်မြောက် အစည်း အဝေးကို အဖွဲ့ဝင်အာရှခေါင်းဆောင်တွေ ဖိလစ်ပိုင်နိုင်ငံမှာ  တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။

အဲ့ဒီလို အ စည်း အဝေးမပြုလုပ်ခင် ဒီကနေ့ သောကြာနေ့မှာတော့ လူအင်အား ၃၀၀ ကျော်လောက်ရှိတဲ့ ဆန္ဒပြမှုတွေ မနီလာ မြို့တော်အတွင်း  ဖြစ်ပေါ်ခဲ့ပါတယ်

။ အဲ့ဒီဆန္ဒပြချီတက်သူတွေဟာ အာဆီယံဆန့်ကျင့်ရေးနဲ့ဖိလစ်ပိုင် နိုင်ငံခြားရေးမူဝါဒတွေအတွက် မနီလာမြို့မှာရှိတဲ့ အမေရိကန် သံရုံးအထိ ဆီချီတက် ဆန္ဒပြခဲ့ကြပြီး သံရုံးမရောက်ခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ပိတ်ဆို့ ခြင်းကို ခံခဲ့ရပါတယ်။

အဲ့ဒီဆန္ဒပြမှုမဖြစ်ပွားခင် တောင်တရုတ် ပင်လယ်တွင်းက ကျွန်းဆွယ်အရေးကိစ္စတွေကို မကြာသေးတဲ့အချိန်က ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကထောက်ပြဝေဖန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ကျွန်းဆွယ်ကိစ္စနဲ့ ပတ်သတ်ပြီး တရုတ်လို အင်အားကြီးနိုင်ငံကို ဘယ်သူမှ ဖိအားပေးရဲ့မှာ မဟုတ်ကြောင်းနဲ့ ကျွန်းဆယ်အရေး ၀န်ကြီးတွေ တွေ့ဆုံဆွေးနွေးတဲ့ ပွဲဟာလည်း အဖြေမရရှိနိုင်ကြောင်း  ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)