သင်္ဘောချင်းတိုက်မိရာမှ ရုရှသင်္ဘောသား ၇၈ ယောက်ကို ကယ်ဆယ်

0
351

တူရကီ ပင်လယ်နက်  အတွင်း  အစ္စဘူလ်က ပြန်လာတဲ့ နစ်မြှုပ် ရုရှ သင်္ဘောမှ သင်္ဘောသား ၇၈ ယောက်ကို ဧပြီလ  ၂၇ ရက်နေ့က တူရကီကမ်းခြေစောင့်အဖွဲတွေ  ကယ်တင် လိုက်နိုင်ခဲ့ပါတယ်။

အဲ့ဒီ နှစ်မြှုပ် ရှရှား သင်္ဘော လီမန်း ဟာ တိုဂိုနိုင်ငံအလွှင့်တင်ထားတဲ့ တိရစ္ဆာန်တင် သင်္ဘော ယူဇာဇစ်ဖ် အိထ် (Youzarsif H )နဲ့ တိုက်မိခဲ့ပြီး ကိုယ်ထည် ပေါက်ကာ နှစ်မြုပ်သွားခဲ့ပါတယ်။

အဲ့ဒီသင်္ဘောသားတွေကို  ကယ်ဆယ်ဖို့ တူရကီ အာဏာပိုင်တွေက  ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ခဲ့တာဖြစ်တယ်လို့ တူရကီကမ်းခြေစောင့် တပ်ဖွဲ့က ပြောပါတယ်။

အဲ့ဒီလိုဖြစ်ပွားမှုဟာ မြောက် ကစ္စတန်ဘူလ် Kilyos  ရွာရဲ့ ၁၈ မိုင်အကွာ ကျဉ်းမြောင်းတဲ့ ဘော့ဖရပ် ရေလက်ကြား ကိုဖြတ် သန်းသွားလာစဉ်    မြူနှင်းတွေ ထူထဲစွာ ကျနေတဲ့ အတွက် အခုလို တိုက်မိခဲ့ကြတာဖြစ် ပါတယ်လို့ ရုရှားသတင်းမှာဖော်ပြထားပါတယ်။

အဲ့ဒီ ယူဇာဇစ်ဖ် အိထ် သင်္ဘောကို  ၁၉၇၇ ခုနှစ်က ဆောက် လုပ်ခဲ့တာဖြစ်ပြီ ကုန်တန်ချိန် ၂၄၁၈ တန် တင်ဆောင်နိုင်ကြောင်း ရိုက်တာ သတင်း မှာဖော်ပြ ထား ပါတယ်။အခု အဲ့ဒီစသင်္ဘာသားတွေကို တူရကီလေကြောင်းလိုင်းကနေ တစ်ဆင့်

ရုရှနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)