မြောက်ကိုရီးယား အရေး ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယား သုံးပွင့်ဆိုင် ဆွေးနွေး

0
314

ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက ထိပ်တန်းအရာရှိတွေ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က တိုကျိုမြို့မှာ မြောက်ကိုရီးအရေး ပူပေါင်းဆောင်ရွက်ဖို့ တွေ့ဆုံခဲ့ပါတယ်။

မြောက်ကိုရီးယား မူဝါဒရေးရာ အမေရိကန် အထူး ကိုယ်စားလှယ် ဂျိုးဇက် ယွန်း (Joseph Yun)၊ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာရှနဲ့ ပစိဖိတ်သမုဒ္ဒရာ နိုင်ငံများ ရေးရာ ညွှန်ချုပ် ကန်ဂျိ ကာနာစုဂီ (Kenji Kanasugi) နဲ့  ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အထူးကိုယ်စားလှယ် ကင်မ် ဟွန်ကျွန်း (Kim Hong-kyun) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ကတော့ ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်ပိတ်ပင်မှု အသစ်တွေလုပ်ဖို့ ပြင်ဆင်ထား သင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)