ကိုလံဘီယာ ရေနံပိုက်လိုင်း ဗုံးခွဲတိုက်ခိုက်ခံရ

0
309

ကိုလံဘီယာနိုင်ငံ ရဲ့ ဒုတိယအကြီးဆုံး  ရေလံပိုက်လိုင်းတစ်ခု ဖြစ်တဲ့ Cano-Limon Covenas ရေနံပိုက် လိုင်း တစ်နေရာမှာ  မနေ့ က ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်း က ဗုံးခွဲတိုက်ခိုက်ခံလိုက်ရပါတယ်။

အဲ့ဒီတိုက်ခိုက်ခံရတဲ့ နေရာဟာ ရေနံပိုက်လိုင်းမိုင် ၄၈၅ မိုင်မှာဖြစ်ပြီး တစ်နေ့ကို ရေနံစိမ်းစည်ပေါင်း  ၂ သိန်း၁  သောင်း လောက်ပို့ ဆောင်နေတဲ့ ပိုက်လိုင်းတစ်ခုလဲဖြစ်ပါတယ်။

အဲ့ဒီလို ဗုံးခွဲတိုက် ခိုက်မှုကြောင့် ယိုထွက်လာတဲ့ ရေနံစိမ်းတွေဟာ ရေထဲမြောပါသွားခဲ့ပြီး ဒေသခံရေသုံးစွဲသူ ၃၅၀၀ လောက်ကိုထိခိုက်သွားစေပါတယ် လို့ အစိုးရပိုင် ရေနံ ကုမ္ပဏီ တာဝန်ရှိသူက ပြောပါ တယ်။

ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွက်  အစိုးရပိုင်းတာဝန်ရှိသူကတော့ ဒါဟာမိုက်မဲ့တဲ့ လုပ်ရပ်တစ်ခုလို့  ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  အဲ့ဒီရေနံပိုက်လိုင်းဟာ ဗုံးခွဲတိုက်ခိုက်ခံရမှု ၃၁ ကြိမ် မြောက်ရှိပြီဖြစ်ပြီး ယိုဖိတ်ရေနံစိမ်းတွေကြောင့်လည်း သဘာပတ်ဝန်းကျင်ကို ထိခိုက်မှူများစွာဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)