ဝက်ဘ်မင်စတာ အကြမ်းဖက်သမားရဲ့ လုပ်ရပ် ဇနီးဖြစ်သူ ရှုတ်ချ

0
354

ဝက်ဘ်မင်စတာ အကြမ်းဖက်မှုကို ရှုတ်ချပါတယ်လို့ အကြမ်းဖက်တိုက်ခိုက်သူ ခါလစ် မာစွတ်ရဲ့ ဇနီး ရိုဟေး ဟိုက်ဒါရာက ပြောဆိုလိုက်ပါတယ်။

ဝမ်းနည်းပြီး တုန်လှုပ်မိတယ်လို့လည်း သူမက ဆက်ပြောပါတယ်။ ရဲတပ်ဖွဲ့ကတဆင့် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ဟိုက်ဒါရာက သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေအတွက် စိတ်မကောင်းကြောင်းနဲ့ စိတ်ဒဏ်ရာတွေ အမြန်ဆုံး သက်သာစေဖို့လည်း ဆုတောင်းထားပါတယ်။

ခုလို ခက်ခဲနေတဲ့ အချိန်မှာ သူတို့ မိသားစု၊ အထူးသဖြင့် ကလေးတွေအတွက် သီးခြားနေခွင့်ပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

မာစွတ်ရဲ့ မိခင် ဂျနက် အာဂျောကလည်း သူ့သားလုပ်ရပ်ကြောင့် သေဆုံးသွားသူတွေအတွက် မျက်ရည်ကျမိတယ်လို့ ဆိုပါတယ်။

မာစွတ်ရဲ့ လုပ်ရပ်ဟာ သူတို့နဲ့ ဆိုင်တယ်လို့ IS အကြမ်းဖက် အဖွဲ့တွေက ကြေညာပေမယ့် စကော့တလန် ယာ့တ် စုံထောက်အဖွဲ့ကတော့ ဆက်စပ်မှု တစုံတရာ မရှိဘူးလို့ ပြောဆိုပါတယ်။

လူအုပ်ထဲကို ကားမောင်းဝင်ပြီး အကြမ်းဖက်တဲ့ မာစွတ် လုပ်ရပ်ကြောင့် ၄ ဦး သေဆုံးပြီး မာစွတ်လည်း ပစ်သတ်ခံလိုက်ရပါတယ်။ လူ ၅၀ လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)