ဆိုဖာနဲ့ လိုက်ကာတွေ ထိန်းသိမ်းဖို့ အင်္ဂလန် ဘုရင်မကြီး အလုပ်သမားရှာနေ

0
329

ဘက်ကင်ဟမ် နန်းတော်၊ ဝင်ဆာရဲတိုက်နဲ့ စိန့်ဂျိမ်း နန်းတော်တို့မှာ ရှိတဲ့ ဇိမ်ခံထိုင်ခုံ၊ ဆိုဖာ၊ မှီအုံးနဲ့ လိုက်ကာတွေ ထိန်းသိမ်းဖို့ အချိန်ပြည့် အလုပ်သမား တစ်ယောက်ကို အင်္ဂလန် ဝိတိုရိယ ဘုရင်မကြီးက ရှာဖွေနေပါတယ်။

အွန်လိုင်းကနေ တင်ထားတဲ့ အလုပ်ခေါ်စာအရ အလုပ်ခန့်ခံရရင် လုပ်ခ တစ်နှစ်လျှင် ပေါင်း ၂ သောင်း ၂ ထောင် ရမှာဖြစ်ပြီး အဆောက်အဦ ၃ ခုရဲ့ အခန်းပေါင်း ၁ ထောင်က ခုံတွေ၊ လိုက်ကာတွေကို ပြုပြင်ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

အလုပ်လျှောက်လိုတဲ့ သူတွေဟာ စက်ချုပ်ရော၊ လက်ချုပ်ရောမှာပါ အထူးကျွမ်းကျင်ရမှာဖြစ်ပြီး စိန်ခေါ်မှု ရှိတဲ့ သတ်မှတ်ချိန်အမီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သူ ဖြစ်ရပါမယ်။

ရှေးဟောင်း အမွေအနှစ်တွေကို ကာကွယ်ပေးခဲ့ခြင်းဖြင့် သင့်ရဲ့ ကမ္ဗည်းမော်ကွန်းကို ထိုးနိုင်ရမှာ ဖြစ်တယ်၊ ကမ္ဘာပေါ်က အကျော်ကြားဆုံး အိမ်ကြီးတွေကို အရောင်တင်ပေးရမယ့် အလုပ်ပဲလို့ အလုပ်ခေါ်စာမှာ ရေးထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)