မစ်ဆူဘီရှီ ကော်ပိုရေးရှင်း မြန်မာပြည်မှာ ဆေးရုံသစ်တွေ ဆောက်မယ်

0
367

ဂျပန်နိုင်ငံက မစ်ဆူဘီရှီ ကော်ပိုရေးရှင်းဟာ ရန်ကုန်မြို့မှာ ဆေးရုံသစ်တွေဆောက်ပြီး ဆေးကုသ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့ မြန်မာပြည် ဒေသခံ ကုမ္ပဏီတွေနဲ့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ သန်း ၉၀ ကုန်ကျမယ့် အထွေထွေ ရောဂါကု ဆေးရုံကို ၂၀၂၀ မှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။ နောက်ထပ် ဆေးရုံသစ်တွေကို နေရာ ၁၀ ခုမှာ ထပ်ဆောက်ဖို့လည်း စီစဉ်ထားပါတယ်။

ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်အောင် ဂျပန်နိုင်ငံက ဆရာဝန်တွေကိုလည်း ဖိတ်ခေါ် ကုသစေမှာပါ။ လာမယ့် ဧပြီလမှာ မစ်ဆူဘီရှီဟာ ဒေသခံ ကုမ္ပဏီတွေဖြစ်တဲ့ Capital Diamond Star Group နဲ့ Yee Shin Holding တို့နဲ့ ဖက်စပ်လုပ်ငန်း ထူထောင်မှာ ဖြစ်ပါတယ်။

မစ်ဆူဘီရှီက ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီ နှစ်ခုကတော့ ကျန်တဲ့ ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ ကုတင် ၃၀၀ ဆံ့ ဆေးရုံဖြစ်ပြီး ၇၀ ရာခိုင်နှုန်းက သီးသန့်ခန်းတွေအဖြစ် ပါဝင်ပါမယ်။

၁၉၅၀ မှာ စတင်တည်ထောင်တဲ့ မစ်ဆးဘီရှီ ကော်ပိုရေးရှင်းဟာ အလွန်ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး စက်မှုဘဏ္ဍာရေး၊ စွမ်းအင်၊ သတ္တု၊ စက်ယန္တယား၊ ဓာတုဗေဒ၊ အစားအစာ လုပ်ငန်းတွေကို လုပ်ကိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)