အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသမားကြီး အာမက် ကွယ်လွန်ပြီ

0
333

တောင်အာဖရိက အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးသမားကြီး အာမက်ကတ်သာဒါဟာ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သူ့ရဲ့ဖောင်ဒေးရှင်းက ပြောဆိုလိုက်ပါတယ်။

ဦးနှောက်ခွဲစိတ်ကုသမှု ခံယူပြီးချိန်နောက် အနည်းငယ် နာမကျန်းဖြစ်ပြီး ဂျိုဟန်နက်စ်ဘတ်မြို့ရဲ့ ဆေးရုံပေါ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း  အဆိုပါ ဖောင်ဒေးရှင်းက ဖော်ပြခဲ့ပါတယ်။

မစ္စတာ အာမက်ဟာ နယ်လဆင်မင်ဒဲလား နဲ့အတူ အာဖရိက အမျိုးသားကွန်ဂရက် တက်ကြွလှုပ်ရှားသူ ၈ ဦးထဲမှာ အပါအ၀င်ဖြစ်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရသူပါ။

အသားအရောင် ခွဲခြားတဲ့ အစိုးရကို တွန်းလှန်ဖို့ကြိုးပမ်းမှုနဲ့ သူတို့ကို ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

မစ္စတာ အာမက်ဟာ အကျဉ်းထောင်အတွင်းမှာ ၂၆နှစ်ကြာ နေထိုင်ခဲ့ရပြီး ထောင်သက် ၁၈ နှစ်လုံးလုံး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရိုဘန်ကျွန်း အကျဉ်းထောင်မှာ နေထိုင်ခဲ့ရတာဖြစ်ပါတယ်။

၁၉၈၉ ခုနှစ်မှာ သူ့ကို ပြန်လွှတ်ပေးခဲ့ပြီး သမ္မတ မင်ဒဲလားက သူ့ကို အစိုးရအဖွဲ့မှာ ပါဝင်ဖို့ စည်းရုံးခဲ့ပါတယ်။

မစ္စတာ အာမက်က ၁၉၉၉ ခုနှစ်အထိ ပါလီမန်မှာ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာလည်း သူဟာ နိုင်ငံရေးလောကနဲ့ မကင်းကွာခဲ့ပါဘူး။

မကြာသေးခင်ကလည်း အစိုးရကို ဝေဖန်မှုတွေလုပ်ခဲ့ပြီး သမ္မတ ဂျက်ကော့ဇူးမားကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)